23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မေယုတောင်ကျော်လမ်း လေးလမ်းအနက် ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းကို စတင်ဖောက်လုပ်

လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး အတွက် ဖောက်လုပ်ရန် လျာထား ထားသည့် မေယုတောင်ကျော်လမ်း လေးလမ်းအနက်  ကျောက်ပန္ဒူ- အင်းဒင်-စေတီပြင် တောင်ကျော်လမ်း ကို စတင်ဖောက်လုပ်နေပြီဖြစ်သည်။

အဆိုပါ မေယုတောင်ကျော် လမ်းကို လမ်းဦးစီးဌာနက တာဝန်ယူ ဖောက်လုပ်နေခြင်းဖြစ်ပြီး ခွင့်ပြု ရန် ပုံငွေ သန်းငါးထောင်ကျော် အကုန် ကျခံကာ ကွန်ကရစ်လမ်းအဖြစ် ဖောက်လုပ်သွားမည်ဖြစ်ကြောင်း မောင်တောခရိုင်လမ်းဦးစီးဌာနမှ ခရိုင်အင်ဂျင်နီယာမှူး ဦးဇော်မင်းက ပြောသည်။

 ကျောက်ပန္ဒူ-အင်းဒင်-စေတီပြင် တောင်ကျော်လမ်းသည် မောင်တော မြို့နယ်တောင်ပိုင်းမှ ရသေ့တောင် မြို့နယ် စေတီပြင်ကျေးရွာအထိဖြစ်ပြီး အရှည် ၁၄ မိုင်ခန့်ရှိမည်ဖြစ်ကြောင်း ဦးဇော်မင်းက ဆိုသည်။

''အဓိက လုံခြုံရေးလမ်းတွေ ဖြစ်တယ်။ လမ်းတွေပေါက်သွားရင် ဒေသခံတွေလည်း ဆက်သွယ်သွား လာရလွယ်ကူသွားမယ်''ဟု ၄င်းက ပြောသည်။

လမ်းဖောက်လုပ်ပြီးစီးမှုကို လာမည့်နှစ်မတ်လထိ ခန့်မှန်းထား သည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် မောင်တောခရိုင်အ တွင်း ကျောက်ပန္ဒူ-အင်းဒင်-စေတီ ပြင် တောင်ကျော်လမ်းသစ်နှင့် ကြိမ် ချောင်း-ဂုပ္ပိ တောင်ကျော်လမ်းသစ်  ကို ဖောက်လုပ်သွားမည်ဖြစ်ပြီး ဘူး သီးတောင်-သပိတ်တောင်-ညောင် ချောင်း -အောင်ဇေယျ-အငူမော်လမ်း ကို အမာခံလမ်းအဖြစ် အဆင့်မြှင့် တင်တိုးမြင့်သွားမည်ဖြစ်သည်။

၂ဝ၁၃ ခုနှစ်ကလည်း မောင် တောမြို့နယ်တွင် အရှည် ၁၃ မိုင်ခန့် ရှိသည့် ဝေသာလီ- အလယ်သံကျော် -ဥဒေါင်း-မေယု တောင်ခြေကျေးရွာ ဆက်လမ်းသစ်ကို နယ်စပ်ရေးရာ ဝန် ကြီးဌာနက ဖောက်လုပ်ပေးခဲ့သည်။


မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.