23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ညမထွက်ရသည့်အချိန် တိုးမြှင့်သတ်မှတ်လိုက်သည့် အတွက် မောင်တောနယ်စပ်ဒေသတွင် သားငါးနှင့် ဟင်းသီးဟင်းရွက်ဈေးများ အဆမတန်မြင့်တက်နေ

မောင်တောအခြေစိုက် နယ်ခြား စောင့်ရဲစခန်းများ တိုက်ခိုက်ခံရပြီး နောက်  ညမထွက်ရသည့်အချိန်ကို တိုးမြှင့်သတ်မှတ်လိုက်သည့်အတွက် ငါးဖမ်းပိုက်ချသူများနှင့် ဟင်းသီး ဟင်းရွက်ရှာဖွေသူများမှာ အပြင်မ ထွက်ရဲဖြစ်နေသဖြင့် မောင်တောနယ် စပ်ဒေသတွင် သားငါးနှင့် ဟင်းသီး ဟင်းရွက်ရှားပါးကာ ဈေးများ အဆမ တန် မြင့်တက်နေကြောင်း ဒေသခံ များက ပြောသည်။

''ဈေးက ပုံမှန်အရောင်းအဝယ် မဖြစ်တာ တစ်လကျော်ပါပြီ။ ငါး ရောင်းတဲ့သူ၊ ပုစွန်ရောင်းတဲ့သူနဲ့ ဟင်းသီးဟင်းရွက် လာရောင်းတဲ့ သူ တွေလည်း တော်တော်လေးနည်းနေ ပါတယ်။ အဲဒါကြောင့် အရင် တစ် ပိဿာကို တစ်သောင်းကျပ်ဈေးရှိတဲ့ ငါးက အခုတစ်ပိဿာကို နှစ်သောင်း ကျော်ထိ ဈေးပေးနေရပါတယ်။  ဟင်းသီးဟင်းရွက်လည်း ဒီအတိုင်းပါ ပဲ။ တစ်ဆလောက်ဈေးတက်သွားပါ တယ်''ဟု မောင်တောမြို့ခံ ဒေါ်စိုးစိုး က ပြောသည်။

ညမထွက်ရသည့် အချိန်တိုးမြှင့် သတ်မှတ်လိုက်ခြင်းကြောင့် ငါးဖမ်း လှေအများစုမှာလည်း မြစ်ချောင်း များနှင့် ပင်လယ်ပြင်သို့ မထွက် သလောက်နည်းပါးနေကြောင်း မောင် တောမြို့ မောင်နီကျေးရွာမှ ရေလုပ် သားတစ်ဦးက ပြောသည်။

 ''တောထဲတောင်ထဲသွားပြီး ဟင်းရှာဖို့ အခက်အခဲဖြစ်နေသလို ဟင်းသီးဟင်းရွက်စိုက်ပျိုးမယ့်သူ လည်း မရှိဖြစ်နေပါတယ်။ အခု တခြားဒေသတွေကလာတဲ့ ဟင်း ချက်စရာတွေ၊ ငါးတွေကို ဝယ်စား နေရပါတယ်''ဟု မြို့ခံ ကိုကျော်ကျော် ဦးက ပြောသည်။

နယ်ခြားစောင့်ရဲစခန်းများ အ ကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် လုံ ခြုံရေးလိုအပ်ချက်ရှိသဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စတင်ကာ မောင်တောခရိုင်အတွင်း ညမထွက်ရ အချိန်ကို ညနေ ၆ နာရီမှ နံနက် ၆ နာရီထိ တိုးမြှင့်သတ်မှတ်ထား သည်။


မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.