23-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1038
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိစက်ဇုန်များကို အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ် ၁၂ မြို့နယ်တွင် အသေးစား စက်မှုဇုန်များ တည်ဆောက်သွားမည်

ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိ စက်မှုဇုန်များကို အဆင့်မြှင့် တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့ နယ်တွင် အသေးစား စက်မှုဇုန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။  ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မြို့နယ် ၄၅ မြို့နယ်ရှိသည့်အနက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်တွင်း စက်မှုဇုန် ၂၉ ဇုန်ရှိ နေသည်။ အနယ်နယ်အရပ်ရပ်မှ အ လုပ်သမားများအနေနှင့် အဆိုပါ မြို့ နယ်များရှိ စက်မှုဇုန်များသို့သာ လာ ရောက်လုပ်ကိုင်နေကြရသဖြင့် ရန်ကုန်တိုင်းဒေသကြီး၏ စည်ပင်သာ ယာနယ်နိမိတ်ပြင်ပတွင်ရှိနေသည့် မြို့နယ် ၁၂ မြို့နယ်တွင် အသေးစား စက်မှုဇုန်များကို တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွင် စက်တင်ဘာလ ၂၃ ရက်က  ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေ ဦး ဆောင်သော ပုဂ္ဂလိကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီနှင့် ပုဂ္ဂလိက ကဏ္ဍကိုယ်စားလှယ်များ ပုံမှန် အ စည်းအဝေး (ဒသမအကြိမ်) အစည်း အဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

အဆိုပါ အစည်းအဝေးတွင် စက်မှုဇုန်များတွင် ကြုံတွေ့နေရသော အခြေခံအဆောက်အအုံ၊ လမ်း၊ တံတား၊ လျှပ်စစ်၊ အညစ်အကြေး စွန့်ပစ်မှုဆိုင်ရာ အခက်အခဲများအား ဖြေရှင်းခြင်းနှင့် စက်မှုဇုန်အဆင့်မြှင့် တင်ရာတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ စက်မှုဝန်ကြီးဌာန စသည့် အစိုးရဌာနများအကြား ပေါင်းစပ်ညှိ နှိုင်းမှုအားနည်းနေပါသဖြင့် သက် ဆိုင်ရာ အစိုးရဌာန အသီးသီး၊ ပုဂ္ဂလိ ကကဏ္ဍအသင်း အဖွဲ့များနှင့် စက်မှုဇုန်ကော်မတီများ ပါဝင်သော ဗဟို ဦးဆောင်အဖွဲ့တစ်ရပ် ဖွဲ့စည်းပေး နိုင်ရန်၊ ပြည်တွင်းထုတ်လုပ်မှုမြင့် တက်လာစေရန်အတွက် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများအား ဦးစီးပေး သော အစီအမံများ (Local Preferences) စီစဉ်ထားရှိနိုင်ရေး ဥပမာအားဖြင့် အစိုးရဌာနများက ခေါ် ယူသော တင်ဒါများတွင် ''နိုင်ငံခြား ဖြစ် ပစ္စည်းများသာ''ဟူသော သတ် မှတ်ချက်အား ပယ်ဖျက်ပေးပြီး ကုန် ပစ္စည်းအရည်အသွေးနှင့် အဆင့် သတ်မှတ်ချက်တူညီပါက ပြည်တွင်း ထုတ်ပစ္စည်းများအား ဦးစားပေး အသုံးပြုပေးပါရန်၊ စက်မှုကုန်ထုတ်လုပ် မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း တွဲဖက် အတွင်းရေးမှူး ဦးတင်လှိုင်က တင်ပြ ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စက်မှုဇုန်များအား အဆင့်မြှင့်တင်ဆောင်ရွက်ရန် စက်မှု ဇုန်အဆင့်မြှင့်တင်ရေး ကော်မတီများ ဖွဲ့စည်းထားပြီး အချို့သော စက်မှုဇုန် များတွင် ဝင်းခြံခတ်မှု၊ လမ်းများပြင် ဆင်မှု၊ ဂိတ်များထားရှိမှု စသည့်လုပ် ငန်းများကို လုပ်ကိုင်ဆောင်ရွက်ထား ကြောင်း၊ အချို့သော စက်မှုဇုန်များ တွင် အဆင့်မြှင့်တင်ဆောင်ရွက်ရန် အတွက် ကျူးကျော်ပြဿနာ၊ ရေသန့် ရရှိရေး၊ လျှပ်စစ်ရရှိရေး၊ ရေဆိုးစွန့် ပစ်မှု၊ အမှိုက်စွန့်ပစ်မှု၊ လမ်းပန်းဆက် သွယ်ရေး စသည့် အခက်အခဲများရှိ နေကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.