19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ယောမြို့လေးမြို့ဖြစ်သည့် ဆော၊ ယော၊ လောင်းရှည်၊ ထီးလင်းမြို့နယ်များတွင် ရိုးရာသနပ်ခါးပါးတို့ပွဲ ပြုလုပ်ကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိသည့် ယောမြို့လေးမြို့ဟု လူ သိများသော ဆော၊ ယော၊ လောင်း ရှည်၊ ထီးလင်းအစရှိသော မြို့နယ် များတွင် ယောဒေသရိုးရာ သနပ်ခါး ပါးတို့ပွဲကို သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ ၅ ရက်တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း ဆောမြို့နယ် မင်း လယ်ရွာသနပ်ခါးပါးတို့ပွဲ ကျင်းပရေး ကော်မတီ ဦးမောင်သန်းက အောက် တိုဘာ  ၆ ရက်တွင် ပြောသည်။

 ယောနယ်ဟု ခေါ်တွင်သည့် ယောလေးမြို့နယ်အတွင်းမြို့ပေါ်နှင့် ကျေးရွာများတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ယောရိုးရာ သနပ်ခါးပါးတို့ပွဲကို ယခုနှစ် အောက်တိုဘာလ ၅ ရက် တွင် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆော မြို့နယ် မင်းလယ်ရွာတွင်လည်း  ကောင်း၊ ထီးလင်းမြို့နယ် သရခါရွာ တွင်လည်းကောင်း စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

''ကျွန်တော်တို့ သနပ်ခါးပါးတို့ ပွဲဆိုတာ ရှေးနှစ်ပေါင်းများစွာက စတင်ပြီး ပြုလုပ်ခဲ့တဲ့ ရိုးရာပွဲတစ်ပွဲ ပါ၊ ယောနယ်တစ်ခုလုံးမှာ ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။ မြို့ရွာတွေမှာရှိတဲ့ အပျိုလူပျိုတို့ရဲ့ ပျော်ပွဲရွှင်ပွဲတစ်ခု ဖြစ်ပါတယ်။ သနပ်ခါးကို ငွေဖလား ထဲထည့်ပြီး လူပျိုကနေ အပျိုကို၊ အပျိုကနေ လူပျိုကို သနပ်ခါးပါးတို့ ပါးကွက်ကွက်ပေးရပါတယ်။ ပြီးတော့ မှန်ကြည့်နိုင်အောင်လည်း မှန်ပါကိုင် ပေးထားတာမျိုးလည်း ရှိပါတယ်''ဟု သရခါရွာမှ ဒေါ်မင်းကြည်က ပြော သည်။

 ယောဓလေ့အရ သနပ်ခါးပါးတို့ ပွဲ မစမီ ရွာအတွင်း ဘုရားမီးပူဇော် မည့် မီးကြာအုပ်လှည့်လည်ပွဲကို ပထမဦးစွာ အတီးအမှုတ်အကအခုန် တို့ဖြင့် ပြုလုပ်ရပါသည်။ မီးကြာအုပ် လှည့်လည်ပွဲ၊ မီးပူဇော်ပွဲကျင်းပပြီးချိန် တွင် အပျိုလူပျိုတို့၏ သနပ်ခါးပါးတို့ ပွဲကို ကျင်းပပြုလုပ်သည်။ ဂန့်ဂေါ၊ ယော၊ ဆော၊ ထီးလင်းဒေသတို့တွင် မီးကြာအုပ်လှည့်လည်ပွဲ၊ သနပ်ခါးပါး တို့ပွဲကို အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

''သနပ်ခါးပါးတို့ပွဲပြီးသွားရင် ကျွန်တော်တို့ ဘုရားစေတီကျောင်း ကန်တွေ မီးပူဇော်ပါတယ်။ ဆရာ တော် သံဃာတော်တွေကို လှူဖွယ် ပစ္စည်းတွေးဆက်ကပ်လှူုဒါန်းပြီး ရေစက်သွန်းချအမျှပေးဝေပွဲကျင်းပ ပါတယ်'' ဟု ထီးလင်းမြို့မှ ဦးလင်း ထွန်းက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.