19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပွင့်လင်းရာသီ၊ ပျားမွေးမြူရေးသမားများ ဆီးတောရှိရာ ကနီမြို့နယ်သို့ အများဆုံးပြောင်းရွှေ့

ဂျပန်၊ တရုတ်၊ စင်ကာပူနှင့် ယိုးဒယားနိုင်ငံတို့မှ အများဆုံးဝယ် ယူမှုရှိသည့် ဆီးပျားရည်ထွက်ရှိရာ စစ် ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အတွင်းသို့ မိုးပြတ်ရာသီ အောက်တို ဘာလဆန်းချိန်မှ စတင်၍ မြန်မာ နိုင်ငံအနယ်နယ်အရပ်ရပ်မှ မွေးမြူ ရေး ပျားပုံး သောင်းချီကာ စတင် ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ကလေး မြို့နယ်မှ ပျားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ဦးဌေးဝင်းက ပြော သည်။

''ကျွန်တော်တို့ ပျားမွေးမြူရေး က ထွက်ရှိတဲ့ ပျားရည်ကို အနောက် နိုင်ငံ၊ ဥရောပနိုင်ငံတွေက အကြိုက် တွေ့ပါတယ်၊ ဒါပေမယ့် အကြောင်း အမျိုးမျိုးကြောင့် တရုတ်၊ ယိုးဒယား၊ စင်ကာပူစတဲ့ နိုင်ငံတွေကနေ တစ် ဆင့် ရောင်းဝယ်နေရပါတယ်။ အခု ရက်ပိုင်း ကနီမြို့နယ်က ဆီးပျားရည် ထွက်ပါတယ်။ ဆီးပျားရည်ကို၊ တရုတ်၊ စင်ကာပူ၊ ယိုးဒယားတို့က အများဆုံး ဝယ်ပါတယ်။ ကျွန်တော် တို့က ကုမ္ပဏီကို ဖောက်သည်သွင်း၊ ကုမ္ပဏီက တစ်ဆင့်ရောင်းတာပေါ့'' ဟု ယင်းက ပြောသည်။

 မြန်မာနိုင်ငံတွင် ပျားမွေးမြူရေး ဆောင်ရွက်မှုအများဆုံး လုပ်ကိုင် သည့် ဒေသမှာ ကလေး၊ ထီးချိုင့်၊ ရှမ်းပြည်၊ မန္တလေး၊ ကချင်ပြည်နယ်၊ ချောင်းဦး၊ စစ်ကိုင်းတို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ အများဆုံး ထုတ်လုပ်သည့် ပျားရည်မှာ ဆီးပျား ရည်နှင့် နေကြာပျားရည်တို့ဖြစ် သည်။ နေကြာပျားရည်ကို ဂျပန်နိုင်ငံ မှ အများဆုံး ဝယ်ယူသည်။

 ''ကျွန်တော်တို့ ပျားသမားတွေ အနေနဲ့ နေကြာ၊ ဆီးခြံ၊ မုန်ညင်း၊ တောပန်းတောင်ပန်းစတဲ့ ပျားစာပေါ များတဲ့ နေရာတွေမှာ ပျားပုံးတွေချ ပြီး မွေးမြူရတာဖြစ်ပါတယ်။ ပျား တွေကြောင့် ဒေသတွင်းစိုက်ပျိုးထားတဲ့ အသီးအနှံတွေ ဝတ်မှုန်ကူးပြီး အထွက်နှုန်းတိုးပါတယ်။ စိုက်ပျိုးရေး လုပ်ကိုင်သူတွေလည်း အကျိုးရှိ၊ ကျွန် တော်တို့ကလည်း ပျားစာရဖြစ်ပါ တယ်။

ကျွန်တော်တို့ ပျားသမားများ အနေနဲ့ ဒေသတစ်ခုမှာ ငါးလခြောက် လ အထိုင်ချနေရတာဖြစ်သလို၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှု ပြီး ပျားပုံးတစ်ပုံးချရင် အခင်းရှင်ခြံ ရှင်ကို ၅ဝဝ ကျပ် ပေးရတယ်။         နောက်ပြီး ကျေးရွာဖွံ့ဖြိုးရေး အတွက် စာသင်ကျောင်းဆောက်ဖို့၊ လျှပ်စစ်မီးရရှိဖို့ ရေရရှိဖို့ လမ်းတံတား အစရှိတဲ့ ကျေးရွာလိုအပ်ချက်တွေမှာ လည်း ပါဝင်ဆောင်ရွက်ပေးပါတယ်'' ဟု ပျားမွေးမြူရေးအဖွဲ့မှ ဦးတင်မောင် ဝင်းက ပြောသည်။

 မြန်မာနိုင်ငံနေရာဒေသအနှံ့မှ ထွက်သော ပျားရည်ကို ကုမ္ပဏီများ မှ ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူပြီး နှစ်စဉ် နိုင်ငံရပ်ခြားမှ မြန်မာပျားရည်တန် ချိန် ထောင်ချီဝယ်ယူသည်။ သက် ဆိုင်ရာမှ ထုတ်ပြန်သည့် စာရင်း ဇယားများအရ ကမ္ဘာ့ပျားရည် ဈေး ကွက်တွင် မြန်မာ့ပျားရည်တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁၅ဝဝ မှ ၁၇ဝဝ အထိ ဈေးရှိသည်။ မြန်မာ နိုင်ငံမှ ထွက်ရှိသည့် ပျားရည်ကို အမေရိကန်၊ ကနေဒါ၊ သြစတြေးလျ၊ ဂျပန်၊ တရုတ်တို့မှ အများဆုံး ဝယ်ယူ မှုရှိပြီး ၂ဝ၁၅-၂ဝ၁၆ တွင် ပျားရည် တန်ချိန် ၂၄ဝဝ ရောင်းချနိုင်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ တွင် ပျားရည်တန်ချိန် ၂ဝဝဝ ရောင်းချနိုင်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။  

 အောက်တိုဘာလကုန်ရက်ပိုင်း ကနီဒေသထွက် ဆီးပျားရည် တစ် ပိဿာလျှင် ၂၁ဝဝ ကျပ်ဖြင့် ရောင်း ချပြီး၊ ပျားရည်တစ်ပီပါလျှင် ၄၁၈ဝဝဝ ကျပ်ဖြင့် ရောင်းချကြောင်း သိရသည်။
    
ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.