19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ချင်းပြည်နယ်မြို့တော် ဟားခါးတွင် မြေပြိုကျမှုများ ဖြစ်ပေါ်နေ

ချင်းပြည်နယ် မြို့တော် ဟား ခါးမြို့တွင် စက်တင်ဘာ ၁ဝ ရက်မှ စတင်၍ မိုးအဆက်မပြတ်ရွာသွန်း နေမှုကြောင့် ဟားခါးဈေးဟောင်း ရပ် ကွက်တွင် စက်တင်ဘာလ ၁၈ ရက် နံနက်ပိုင်းက မြေပြိုကျမှုများ ဖြစ်ပေါ် ခဲ့ရာ ဟားခါးမြို့ သဘာဝဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ကော်မတီမှ ဦးဆောင်၍ တာဝန်ရှိ အဖွဲ့အစည်းများက မြေပြို အန္တရာယ် ဖြစ်နိုင်သည့် ဈေးဟောင်းရပ်ကွက် ဒါအိုချိန်းလမ်းရှိ နေအိမ်နှစ်လုံးရှိ အိမ်ငှားများနှင့် အိမ်ပိုင်ရှင် မိသားစု တို့အား ဘေးလွတ်ရာသို့ အချိန်မီ ပြောင်းရွှေ့နိုင်ခဲ့ကြောင်း သိရသည်။

''ဟားခါးမြို့မှာ မိုးရက်ဆက်ရွာ ရင် မြေပြိုကျမှုတွေ မကြာခဏဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကလည်း မိုး ရက်ဆက်ရွာသွန်းနေတဲ့အတွက် နေ အိမ်နှစ်လုံး မြေပြိုကျမှုဖြစ်ပေါ်ခဲ့ပါတယ်။ အထိအခိုက်တော့ မရှိပါဘူး။ အချို့ ရုန်းတောင်စောင်းမှာနေထိုင် ကြသူတွေဆိုရင် မိုးရေစီးနဲ့ တောင်ပြို ကျမှုမဖြစ်အောင် မြေပြိုနိုင်တဲ့ တောင်စောင်းတွေကို တာလပတ် တွေနဲ့ အုပ်မိုးထားရပါတယ်''ဟု ဒေသခံ ဦးထန်ကြီးက ပြောသည်။

စက်တင်ဘာ ၁၈ ရက် ဟားခါး မြို့တွင်း မြေပြိုကျမှုများနှင့် မြေပြိုကျ မှုများကြောင့် နေအိမ်ပြောင်းရွှေ့ပေး ရသည့် ရပ်ကွက်များသို့ ဟားခါးမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့ နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ လာ ရောက်ကြည့်ရှု၍ အားပေးစကား ပြောကြားပြီး လိုအပ်သည့် အကူ အညီများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်မြို့များဖြစ်သည့် ဟားခါး၊ ဖလမ်းမြို့များတွင် ၂ဝ၁၅ သဘာဝ အန္တရာယ်ကျရောက်ပြီးချိန် မှ စတင်၍ နှစ်စဉ်မြေပြိုကျမှုများဖြစ် ပွားနေကာ မြေပြိုကျမည့်နေရာများ ကို တာလပတ်များ မိုးထားရပြီး မြေ ပြိုကျမည့် အန္တရာယ်ရှိနေသော လူ နေအိမ်ခြေများကို ဘေးလွတ်ရာသို့ ပြောင်းရွှေူ့ပေးနေရကြောင်း ဟားခါး မြို့မိမြို့ဖ ဦးထန်ဟရဲက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.