14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသကြီးများအား စီးပွားဖြစ်ဝါးအများဆုံး ထုတ်လုပ်နိုင်သည့် နေရာဒေသများအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်

ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာ ရီတိုင်းဒေသကြီးတို့အား စီးပွားဖြစ် ဝါးအများဆုံး ထုတ်လုပ်နိုင်သည့် နေ ရာဒေသများအဖြစ် သတ်မှတ်ဆောင် ရွက်ကာ နည်းပညာလိုအပ်ချက်များ အား တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက် နမ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်က ကျင်းပြုလုပ်ခဲ့သည့်  ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ အခမ်း အနား သတင်းများရ အသိရသည်။         ဝါးခြေခံလူ သုံးကုန်ပစ္စည်းများ ဖြစ်သည့် ဝါးလက်မှု အနုပညာ ပစ္စည်းဈေးကွက်များမှာ ပြည်တွင်း ရော ပြည်ပတွင်ပါ တွင်ကျယ်လာ လျက်ရှိသည့်အပြင် ဝါးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့လည်း တင်ပို့ ရောင်းချလျက်ရှိ သည်။           

ထိုကဲ့သို့ ဝါအသုံးပြုမှု တွင် ကျယ်လာသော်လည်း ဝါးစိုက်ခင်း ဟူ၍ သတ်သတ်မှတ်မှတ်မရှိခြင်း၊ တောထဲတောင်ထဲတွင် ပေါက်ရောက် နေသည့် ဝါးများကိုသာ ခုတ်ယူအ သုံးပြုနေရသဖြင့် အသုံးပြုနေသည့် ဝါး၏ သက်တန်းကို ခန့်မှန်း၍မရဘဲ။ ဝါး၏ မျက်မြင်အခြေအနေများ ကိုသာကြည့်၍ ခန့်မှန်းအသုံးပြုနေ လျက်ရှိသည်။အိမ်နီးချင်း အိန္ဒိယ နိုင်ငံတွင်မူ ဝါးစိုက်ခင်း များစွာရှိနေ ပြီး စိုက်ပျိုးထားသည့် ဝါးပင်များ၏ သက်တမ်းကို မှတ်တမ်းများထားကာ သတ်မှတ်ချိန်ရောက်မှ ခုတ်ယူအသုံး ပြုခြင်းဖြစ်ရာ ဝါးနှင့် ပတ်သက်သည့် ထုတ်ကုန် ပစ္စည်းများမှာ အရည်အ သွေးကောင်းမွန်ကာ တာရှည် အသုံး ပြုနိုင်ကြသည့်နည်းတူ မြန်မာနိုင်ငံ အနေနှင့် ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသကြီးများအား စီးပွား ဖြစ်ဝါး အများဆုံးထုတ်လုပ်နိုင်သည့် နေရာဒေသများအဖြစ် သတ်မှတ် ဆောင်ရွက်ကာ နည်းပညာ လိုအပ် ချက်များအား တရုတ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ ဗီယက်နမ်နိုင်ငံများနှင့် ပူး ပေါင်းလုပ်ဆောင်ရန် စီစဉ်ရခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ပြည်တွင်း ဝါးများမှ ထုတ်လုပ်ထားသည့် နေအိမ်အသုံး အဆောင်ပစ္စည်းများနှင့် ပရိဘောဂ ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူ နိုင်ငံနှင့် ကိုရီးယားနိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချပေးနေရကြောင်း၊ တန်ဖိုးအားဖြင့် နှစ်စဉ် ပျမ်းမျှ အမေ ရိကန်ဒေါ်လာ ၅ သန်း ခန့်အထိ ရရှိနေသော်လည်း ဈေးကွက်လိုအပ် ချက် ပြည့်မီအောင် ထုတ်လုပ်နိုင် ခြင်းမရှိသေးကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.