19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြန်မာလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းတစ်ရာအထိ ရှိနေ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင် မြန်မာလုပ်ငန်းရှင်များမှ အမေ ရိကန်ဒေါ်လာ သန်းတစ်ရာအထိ ရင်းနှီးမြှုပ်နှံမှုရှိနေကြောင်း မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကုန်သည်ကြီးများ အသင်း (Yunnan Provincial General Chamber of Commerce-YPGCC) တို့၏ တွေ့ဆုံဆွေးနွေးပွဲသတင်းများ အရ သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များ အသင်းချုပ်တွင် ကျင်းပ ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

 မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်း ချုပ်နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း (Yunnan Provincial General Chamber of Commerce-YPGCC)   တို့သည် နှစ် နိုင်ငံအကြား စီးပွားရေး ဆက်ဆံမှု မြှင့်တင်နိုင်ရေးနှင့် နှစ်ဖက်အဖွဲ့အ စည်းများအကြား ပူးပေါင်းဆောင် ရွက်မှု မြှင့်တင်နိုင်ရေး၊ နှစ်ဖက် အဖွဲ့ အစည်းများအကြား ပူးပေါင်းလုပ် ဆောင်မှု မြှင့်တင်နိုင်ရေးအတွက်  နှစ်စဉ်တစ်နှစ်တစ်ကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်နိုင်ခဲ့ သဖြင့် YPGCC နှင့် ကုန်သည် စက်မှု အသင်းချုပ်တို့ ဆယ်နှစ်ကျော်ကြာ ယုံကြည်မှု နားလည်မှုတို့နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ ကုန်သွယ်မှု ပမာဏမှာ မြန်မာနိုင်ငံမှ ပို့ကုန် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ၊ သွင်းကုန် အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ၊ စုစုပေါင်း ၆ ဒသမ ၁ ဘီလျံအထိ တိုးတက်လာခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြန်မာလုပ်ငန်းရှင်များမှ အမေရိကန် ဒေါ်လာ သန်းတစ်ရာအထိ ရင်းနှီး မြှုပ်နှံမှုရှိနေကြောင်း သိရသည်။

 မြန်မာနိုင်ငံ ကုန်သည်များအ နေနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင် အိမ် ခြံ မြေ လုပ်ငန်း၊ စက်မှု ကုန်ထုတ်လုပ်ငန်း၊ လက်လီလက် ကားရောင်းဝယ်ဖောက်ကားရေးနှင့် ဟိုတယ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ ခဲ့ကြခြင်းဖြစ်သည်။ ထို့အတူ ၂ဝ၁၇  ခုနှစ်ဇွန်လအထိ ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံအတွင်း အမေရိကန် ဒေါ်လာ ၁ဝ ဘီလျံ မြှုပ်နှံခဲ့ရာ အဓိကအားဖြင့် ရေအားလျှပ်စစ်၊ သတ္တုတွင်းနှင့် စိုက်ပျိုးရေးကဏ္ဍများ တွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ယူနန်ပြည်နယ်၏ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စုစုပေါင်း၏ ၂၁ ရာခိုင်နှုန်း ရှိသည်ဟု ယူနန်ပြည်နယ်အစိုးရ ကုန်သွယ်ရေးဌာနမှDeputy Counsel- Director Mr.Ren Guanghua က ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံပွဲကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ အိမ်ရှင်အဖြစ်  အ လှည့်ကျ ကျင်းပပြုလုပ်နေခြင်းဖြစ် သည်။ အဆိုပါ တွေ့ဆုံပွဲတွင် အခြေ ခံ အဆောက်အအုံ ဆောက်လုပ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်၊ ကျွမ်းကျင်လုပ် သားမွေးထုတ်ရေး၊ စိုက်ပျိုးရေး၊ သယ် ယူပို့ဆောင်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ ရေးရာကဏ္ဍများအထိ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ပြီး အဓိကအားဖြင့် ယမန်နှစ်မေလက နှစ်ဖက်အစိုးရ များ  သဘောတူလက်မှတ်ရေးထိုးခဲ့ သည့် နယ်စပ်ဒေသစီးပွားရေး ပူး ပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင် နိုင်ရန် ဆန်နှင့် ပြောင်းအပါအဝင် မြန်မာ့ လယ်ယာထွက်ကုန်များ တရုတ် နိုင်ငံသို့ ပမာဏကန့်သတ်ချက် Quota ကင်းလွတ်စွာ တင်ပို့ နိုင်ရန်၊ ကျောက်ဖြူအထူးစီးပွားရေး ဇုန်တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရန်နှင့် One-Belt-One- Road ပရောချက်တွင် ထိထိရောက်ရောက် ပူးပေါင်းလုပ် ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                    
  ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.