19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် ဒေသများတွင် ကုန်းမြင့်လယ်ယာမြေများ ထုတ်ဖော်လျက်ရှိ

မူးယစ်ဆေးဝါးပပျောက်ရေးအ တွက် အစားထိုးစိုက်ပျိုးနိုင်ရန် ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယား ပြည်နယ်ဒေသများတွင် ကုန်းမြင့် လယ်ယာမြေများ ဖော်ဆောင်ပေးနေ ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသတင်းများ အရ သိရသည်။

အဆိုပါ အစီအစဉ်ကို သီးနှံ အစားထိုးစိုက်ပျိုးရေး လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်ဖြစ်သော စက်မှုလယ်ယာ ဦး စီးဌာနမှ ဘဏ္ဍာနှစ်အလိုက် ဆောင် ရွက်ပေးနေခြင်းဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် ဌာန အစီအစဉ်ဖြင့် ၇၅ဝ ဧက၊ တောင်သူ အစီအစဉ်ဖြင့် ၃ဝဝ ဧက၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဌာနအစီ အစဉ်ဖြင့် ၈၅ဝ ဧက၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ဌာနအစီအစဉ်ဖြင့် ၈၈၄ ဒသမ ၉၂ ဧကနှင့် တောင်သူ အစီအစဉ်ဖြင့် ၇၆၅ ဧကကို ဖော် ထုတ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။         အဆိုပါ ပြည်နယ်ဒေသများ သည် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုး ခြင်း စနစ်အား အသက်မွေးဝမ်းည ကျောင်း လုပ်ငန်းအဖြစ် နှစ်ပေါင်းများစွာ လုပ် ကိုင်ဆောင်ရွက်နေခဲ့ကြ သည်။

ထို့ကြောင့် အဆိုပါ ပြည်နယ် ဒေသများရှိ ဒေသခံ နေထိုင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရန်၊ လယ်ယာမြေ ပဋိပက္ခ ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးခြင်း စနစ်အား အစားထိုးဆောင်ရွက်နိုင် ရန် အဆိုပါ ကုန်မြင့်လယ်ယာများကို ဖော်ထုတ် ဆောင်ရွက်ပေးနေခြင်းဖြစ် ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ပြည်နယ် ဒေသများရှိ လယ်ယာကဏ္ဍတွင် ရေ ရှည်တည်တံ့သည့် စိုက်ပျိုးရေးစနစ် (Sustainable Agriculture) ဖြစ် လာစေရန်အတွက် တောင်သူများ အလွယ် တကူလိုက်ပါ ဆောင်ရွက် နိုင်သော နည်းစနစ်များဖြင့် မြေဆီ လွှာထိန်း သိမ်းရေးနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ သီးနှံသစ်တောရော နှောစိုက်ပျိုးခြင်းတို့ကိုလည်း ပညာ ပေးဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.