19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပြည်ပမှ တရားအဝင် တင်သွင်းရောင်းချနေသည့် ငါးတန်ငါးများကို ဖမ်းဆီးအရေးယူဆောင်ရွက်သွားမည်

ပြည်ပမှ တရားအဝင် တင်သွင်း ရောင်းချနေသည့် ငါးတန်ငါးများကို ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖမ်းဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင် များ အသင်း၏ သတင်းများအရ သိရသည်။

 လွန်ခဲ့သည့် ဇူလိုင်လခန့် မှစ၍ နယ်စပ်ဒေသများမှ တင်သွင်း ရောင်းချနေခြင်းဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ ကြည့်မြင်တိုင် စံပြငါး ဈေးကြီးနှင့် ရွှေပိတောက် ငါးဈေး ကွက်များတွင် ဈေးနှုန်းချိုသာစွာနှင့် ရောင်းချလျက်ရှိသည်ဟု ဆိုသည်။  ပြည်တွင်း ငါးမွေးမြူရေး လုပ်ငန်းများ မှ ဖြန့်ဖြူးရောင်းချနေသည့် ငါးတန် ငါးများထက် တစ်ပိဿာလျှင် ငွေကျပ် သုံးရာကျပ်မှ ငါးရာကျပ်အထိ ဈေးလျှော့ရောင်းချနေကြပြီး ပြည် တွင်းငါးခြောက်လုပ်ငန်း ဈေးကွက်များအထိပါ ဈေး လျှော့ရောင်းချ ပေးနေခဲ့ကြခြင်းဖြစ်သည်။ ပြည်တွင်း ရှိ ငါးတန်ငါးမွေးမြူရေး လုပ်ငန်းများ အတွက် ငါးခြောက်ဈေးကွက်မှာ လည်း အားထားနေရသည့် မိတ်ဖက် ဈေးကွက်တစ်ခုဖြစ်ရာ ဈေးနှုန်းပိုမို သက်သာသည့် တရားမဝင် တင် သွင်း ငါးတန်များကို ငါးခြောက်ကုန် ကြမ်းအဖြစ် ဝယ်ယူ အသုံးပြုနေကြ ဖြင့် ပြည်တွင်းမွေးမြူ ရေးငါးတန်ငါး ဈေးကွက်များ ရောင်းအားများ ကျ ဆင်းလာခဲ့သည်။ ထို့အပြင် အဆိုပါ တရားမဝင် တင်သွင်း ရောင်းချနေသည့် ငါးတန်ငါးများသည် စားသုံးသူ ဈေးကွက်အတွက် ကျန်းမာရေး အာမခံ အထောက်အထားများလည်း မရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှု ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်စပ်မှ ဝင်ရောက်လာသည့် တရားမဝင် ငါးတန်ငါးများ ကြောင့် ငါးခြောက်ရာသီကို အားပြု ရောင်းချနေရသည့် ပြည်တွင်းငါးတန် မွေးမြူသူများအနေနှင့် အခက်အခဲ ကြုံတွေ့နေရကြောင်း ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၁၂ ရက်က ကျင်းပ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ငါးမွေးမြူ ရေး လုပ်ငန်းရှင်များအသင်း၏ ဒုတိယအပတ် ငါးလုပ်ငန်း အစည်းအ ဝေးတွင်လည်း ဆွေးနွေးပြောကြားခဲ့ ကြသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.