14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းပြည်နယ် တောင်ပိုင်း မတူပီခရိုင်လိုင်လင်းပီမြို့တွင် ချင်းပြည်နယ်၏ ဒုတိယမြောက် လေယာဉ်ကွင်း တည်ဆောက်မည်

သွားလာဆက်သွယ်ရေး ခက်ခဲ သည့် ချင်းပြည်နယ်တွင် ပထမဆုံး လေယာဉ်ကွင်းကို ချင်းပြည်နယ် မြောက်ပိုင်း၊ ဖလမ်းမြို့တွင် တည် ဆောက်ထားပြီး ဒုတိယမြောက် လေ ယာဉ်ကွင်းအဖြစ် ချင်းပြည်နယ် တောင်းပိုင်း မတူပီခရိုင်၊ လိုင်လင်း ပီမြို့တွင် တည်ဆောက်သွားမည်ဖြစ် ကြောင်း ချင်းပြည်နယ် အစိုးရရုံးမှ တာဝန်ရှိ တစ်ဦးက ပြောသည်။

 ''ကျွန်တော်တို့ ချင်းပြည်နယ် တောင်ပိုင်း မတူပီခရိုင်၊ လိုင်လင်းပီ မြို့မှာ တည်ဆောက်မယ့် လေယာဉ် ကွင်းကို မြန်မာ၊ အိန္ဒိယ၊ ယူကရိန်း၊ စင်ကာပူ၊ အမေရိကန် အင်ဂျင်နီယာ တွေနဲ့ MAF-Ministry of Transport and Telecommunication (Myanmar) Civilaviation Deparmearment တို့ ပူးပေါင်းပြီး မူကြမ်းအဆင့်ရေးဆွဲထားပြီဖြစ်ပါ တယ်''ဟု ယင်းက ပြောသည်။

မတူပီခရိုင်၊ လိုင်လင်းပီမြို့တွင် တည်ဆောက်မည့် လေယာဉ်ကွင်းကို လာမည့် ပွင့်လင်းရာသီတွင် စတင် အကောင်အထည်ဖော်နိုင်ရန် ကြိုး စားလျက်ရှိပြီး ချင်းပြည်နယ် ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပါက လိုင်လင်းပီမြို့ လေယာဉ်ကွင်း အပါ အဝင် ချင်းပြည်နယ်မြို့တော် ဟားခါး တွင်လည်းကောင်း၊ ထန်တလန်မြို့ တွင်လည်းကောင်း၊ တီးတိန်မြို့တွင် လည်းကောင်း လေယာဉ်ကွင်းများ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 ချင်းပြည်နယ်၏ ပထမဦးဆုံး လေယာဉ်ကွင်းကို ဖလမ်းမြို့ ဆူရ် ဘုန်တောင်တန်းပေါ်တွင် ၂ဝ၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်တည် ဆောက်နေခြင်းဖြစ်ပြီး ၂ဝ၂ဝ နှစ် တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

 ယင်းလေယာဉ်ကွင်းမှာ လေယာဉ်ရပ်နားရန် အကျယ် အ လျား၂၅ဝ x အနံ ၂၅ဝ ပေဖြစ်ပြီး လေယာဉ် ပြေးလမ်းအရှည် ပေ ၆ဝဝဝ၊ လေယာဉ်ပြေးလမ်း အကျယ် မှာ ပေ ၁ဝဝ ဖြစ်ကြောင်း သိရသည်။ လေယာဉ်ကွင်းပြီးစီးပါက ပေါင် ၅ဝဝဝဝ အလေးချိန်ရှိ ATR-72 လေယာဉ်များ ဆင်းသက်နိုင်မည်ဖြစ်သည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.