14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူ စုစုပေါင်း ခုနစ်သောင်းကျော်အား လက်ခံသင်ကြာပေးခဲ့

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် ရန်ကုန်တိုင်းဒေသကြီး၌ ဘုန်း တော်ကြီးသင် ပညာရေးကျောင်း စု စုပေါင်းနှစ်ရာကျော်၌ ဆရာ ဆရာမ  စုစုပေါင်း နှစ်ထောင်ကျော်ဖြင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ခုနစ်သောင်းကျော်အား သင်ကြား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပညာ ရေးဝန်ကြီးဌာန သတင်းများအရ သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း ဆရာ ဆရာမများအား ၂ဝဝ၈ ခုနှစ်က စတင်၍ CCA ကလေးဗဟိုပြု သင်ကြားမှု သင်တန်း များသို့ တက်ရောက် သင်ကြားခွင့်ပြု ပေးခဲ့ပြီး  ၂ဝ၁၄ ခုနှစ်မှ စတင်ကာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း များမှ မူလတန်းသင် ဆရာ ဆရာမ များကို ပညာရေးဝန်ကြီး ဌာနမှ သင် တန်းများပို့ချပေးလျက်ရှိသည်။ ကျောင်းသား အရေအတွက်ပေါ် မူတည်၍ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေများကိုလည်း စာသင်နှစ်တိုင်း ထောက်ပံ့ပေးခဲ့ပြီး ကျောင်းသား ၉ဝဝ နီးပါးရှိ ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းတစ်ကျောင်းမှာ တစ်နှစ်အ တွက် ထောက်ပံ့ငွေကျပ်သိန်းနှစ် ဆယ်ကျော်အထိ ရရှိခဲ့သည်ဟု ဆို သည်။

 ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင် မူလတန်း ကျောင်းပေါင်း ၁၃၂ ကျောင်း၊ မူလ တန်းလွန်ကျောင်းပေါင်း ၉၁ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၉ ကျောင်း၊ စုစုပေါင်း ဘုန်းတော်ကြီး သင် ပညာရေးကျောင်းပေါင်း ၂၃၂ ကျောင်းအထိ တိုးတက်ဖွင့်လှစ်နိုင်ခဲ့ ပြီး ဆရာ ဆရာမပေါင်း ၂၃၄၆ ဦး နှင့် ကျောင်းသားကျောင်းသူ အရေ အတွက် ၇၅ဝဝဝ နီးပါးအထိ သင် ကြားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများအနေနှင့် ယခင်က  ဆရာ ဆရာမများအား ထောက်ပံ့ပေး နိုင်ရေးနှင့် အထွေထွေ စရိတ်များ အတွက် ပြည်သူများ၏ လှူဒါန်းငွေ များကိုအားပြုဆောင်ရွက်ခဲ့ရသည်။

ယခုအခါ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းများရှိ စေတနာ့ ဝန် ထမ်း ဆရာ ဆရာမများအားလည်း နိုင်ငံတော် အစိုးရက တစ်လလျှင် မူလတန်းပြဆရာ ဆရာမများအ တွက် ငွေကျပ်သုံးသောင်း ခြောက် ထောင်၊ အလယ်တန်းပြ ဆရာ ဆရာမများအတွက် ငွေကျပ် လေး သောင်းတစ်ထောင် ထောက်ပံ့ပေး နေကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.