14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရိဒ်နယ်စပ်သွား ကားလမ်း ပျက်စီးမှုကြီးမားနေသည့်အတွက် နယ်စပ်သွားကား အစီးရာချီပိတ်နေ

မြန်မာ-အိန္ဒိယနယ်စပ် ကုန် သွယ်ရေးတွင် ဒုတိယအကြီးမားဆုံး ရောင်းဝယ်မှုရှိသည့် ကလေး-ရိဒ် နယ်စပ် ကုန်စည်ပို့ဆောင်ရေး လမ်း ဖြစ်သည့် ကလေး-တီးတိန်-ရိဒ်နယ် စပ်သွား ကားလမ်းပေါ်တွင် စက်တင် ဘာလဆန်းရက်ပိုင်းမှ အစပြု၍ လမ်းပျက်စီးမှုကြီးမားလျက်ရှိရာ ယနေ့စက်တင်ဘာ ၁၄ ရက်တွင် ကလေး-ရိဒ်နယ်စပ်ကုန်စည်ပို့ဆောင် ရေး ခရီးသည်တင်ကားများ ရာချီ ပိတ်မိနေကြောင်း ကလေး-ရိဒ်ပြေးဆွဲ သည့် ပန်းချယ်ရီဟိုင်မွာလ်ဂျစ်ကား သင်းမှ ဦးလှချောက ပြောသည်။

စက်တင်ဘာ ၁၃ ရက်တွင် ကလေး-ရိဒ်အဆင်းအတက် ကားများ ပိတ်မိနေသောနေရာမှာ ဟိုင်မွာလ်ရွာ ဟောင်းနှင့် ရွှာသစ်အကြား နယူးအေ ဒင်ရွာအနီးတွင်ဖြစ်ပြီး လမ်းပြုပြင် ရေး ဆောင်ရွက်နေသည့် စက် ယန္တရားကြီးများပါ ကြားညှပ်ပိတ်မိ နေခြင်းဖြစ်ကြောင်း သိရသည်။

မိုးရာသီချင်းပြည်နယ်အတွင်း သွာကုန်တင်ကား၊ လိုင်းဘတ်စ်ကားများ တောင်ပြိုလမ်းပိတ်၍ ခရီးကြန့် ကြာမှု မဖြစ်စေရန် လမ်းပျက်စီးနိုင် သော နေရာများတွင် ဆောက်လုပ် ရေးဌာနမှ လမ်းပြုပြင်ရေး စက်ယန္တရားကြီးများကို အချိန်နှင့်တပြေး ညီ လမ်းပြုပြင်နိုင်ရန် ဆောင်ရွက် ထားရှိကြောင်း တိမ်းတိန်မြို့ အခြေ ပြုလမ်းဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

''ရိဒ်ကို သွားတဲ့ ခရီးသည်တွေ ကတော့ ခြေလျင်လျှောက်ပြီး ရိဒ်နယ်စပ်အရောက်သွားကြတယ်။ လမ်းမှာကားတွေ ပိတ်နေတဲ့အတွက် အသီးအနှံကုန်စိမ်းတွေ၊ ပုပ်ကုန်သိုး ကုန်တွေကတော့ ပျက်စီးဆုံးရှုံးမှုရှိ တယ်။ ဝက်ကား၊ ကြက်ကားတွေဆို ရင် အသေအပျောက်ရှိတယ်။ ကား တွေက ရာချီပိတ်မိနေတာဖြစ်တဲ့အ တွက် သုံးလေးရက်ကတော့ ကြာနိုင် တယ်'' ဟု ရိဒ်ရောက် ခရီးသည်ကုန် သည် ဒေါ်နူးဝှေက ပြောသည်။

ကလေး-ရိဒ်နယ်စပ်ကုန်သွယ် ရေး လမ်းကြောင်း ပိတ်ဆို့မှုမှာ စက် တင်ဘာ ၁ဝ ရက်မှ စတင်ခဲ့ခြင်းဖြစ် ရာ အချို့ကားများမှာ ရှေ့တိုး၊ နောက်ဆုတ်ရန်ပင် အခက်အခဲဖြစ် နေပြီး မိုးရွာ ရွှံ့ဗွက်ထနေသည့် နေရာတွင် သုံးလေးညအိပ်နေရပြီ ဖြစ်ကြောင်း သိရသည်။

ကလေး-ရိဒ်နယ်စပ် ကုန်သွယ် ရေးလမ်းကြောင်းသည် စစ်ကိုင်းတိုင်း ဒေသကြီး တမူးနယ်စပ်ပြီးလျှင် ဒုတိ ယအကြီးမားဆုံး အရောင်းအဝယ် ဖြစ်သည့် နယ်စပ်ဖြစ်သည်။ ကလေး -ရိဒ်နယ်စပ်သွားကားလမ်းတွင် ယခု နှစ် ကလေး-သိုင်းငင်းအကြားတွင် လည်းကောင်း၊ အာလွယ်-ဆိုဇန် က  နေဒီတောင်ခြေရင်းနေရာတွင်လည်း ကောင်း၊ ဆိုဇန်-တီးတိန်အကြားတွင် လည်းကောင်း၊ တီးတိန်-ရိဒ်အကြား တွင် ဟိုင်မွာလ်ရွာဟောင်းနှင့် ရွာ သစ်အကြားတွင်လည်းကောင်း လမ်း ပျက်စီးမှုကြီးမားလျက်ရှိကြောင်း သိရ သည်။

''လမ်းပျက်စီးမှုဖြစ်ပေါ်နေတဲ့ နေရာကို ဆောက်လုပ်ရေးဌာနလမ်း ဌာနတာဝန်ရှိတွေ လုံခြုံရေး ဆောင်ရွက်ပေးဖို့ ရဲတပ်ဖွဲ့တွေသွားနေပြီဖြစ် ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း တွေလည်း သွားရောက်ကူညီဆောင် ရွက်ဖို့အကြောင်းကြားထားပါတယ်။ တီးတိန်လမ်းဌာနကလည်း ကားတွေ ကို စက်ကြီးတွေနဲ့ ဆွဲထုတ်ပေးနေပါ တယ်''ဟု ရိဒ်ခေါရ်ဒါးရ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိက စက်တင်ဘာ ၁၄ ရက် က ပြောသည်။
    

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.