16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဗန်းမော်ဆရာတော်ဘုရားကြီး၏ ၈၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပ

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဘဒ္ဒန္တကုမာ ရာ ဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိ က၊ အဂ္ဂမဟာ ပဏ္ဍိတ) ၏ သက် တော် ၈၈ နှစ်ပြည့် ဝိဇာတပူဇာ မွေး နေ့မင်္ဂလာနှင့် သိက္ခာထပ် အလှူ တော် မင်္ဂလာပွဲသဘင်ကို မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ် ဗောဓိကုန်းရပ်၊ သဒ္ဓမ္မဝေပုလ္လ တိုက်ကျောင်း၊ ဗန်းမော်ကျောင်းတိုက် အတွင်းရှိ အေးကမ္ဘာသာသနာ ဗိမာန်တော်ကြီးတွင် သုံးရက်တိုင် ကျင်းပခဲ့ကြောင်း သိရသည်။ မွေးနေ့ အကြိုအဖြစ် ၂-၉-၂ဝ၁၇၊ စနေနေ့ ညနေ ၃ နာရီမှ ၆ နာရီအထိ၊ြ<ွက ရောက်လာသော ၇ ရက် သားသမီး အပေါင်းတို့ကို စတုဒီသာ ထမင်းဟင်း လျာများဖြင့် ကျွေးမွေးဧည့်ခံကာ၊ သံလျင်မောင်ရာပြည့် မင်္ဂလာဆိုင်း ဝိုင်းကြီးနှင့် တွဲဖက်၍ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ အနုပညာရှင်များက  သီဆို ဖျော်ဖြေသည်။ ညနေ ၅ နာရီ ၁ဝ မိနစ်၌နိုင်ငံတော် သံဃမဟာနာယ ကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မင်းကျောင်း ဆရာတော် ဘဒ္ဒန္တ သြဘာသာဘိဝံ သ အပါအဝင် ပင့် သံဃာတော် ၁၇ ပါး ခြံရံ၍ သိမ်ဝင်ပြီး ခုနစ်ရက်သား သမီးများက သိမ်ဆင်းလောင်းလှူကြ သည်။

၃-၉-၂ဝ၁၇ တနင်္ဂနွေနေ့ နံနက် ၉ နာရီ၌ ဂိုဏ်းပေါင်းစုံမှ  ပင့်သံဃာတော် ၃၂ ပါးနှင့်အတူ ဝိဇာတ မွေးနေရှင် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသက မေတ္တသုတ် ပရိတ်တော်ကို ရွတ်ပွား သရဇ္ဇယ် ကာ၊ အနုမောဒနာ တရားတော်ကို ဟောကြားပြီး ရေစက်သွန်းချ အမျှ ပေးဝေသည်။ နံနက် ၁ဝ နာရီ၌ သံဃာတော်အပါး ၈ဝ ကို နေ့ဆွမ်း ဆက်ကပ်ပြီး ဧည့်ပရိသတ်များကို စတုဒီသာ ထမင်းဟင်းလျာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

ဆရာတော်ကြီး၏ ၈၈ နှစ်ပြည့် ဝိဇာတ မွေးနေ့အကြိုပွဲကို ပင်မနယ် လှည့် သစ္စာဓိဋ္ဌာန် စတုဒီသာအဖွဲ့ နှင့်အတူ အထူးသာသနာပြု နတ်စင် တစ်ရာ ဆရာတော် ဘဒ္ဒန္တပညာ တေဇ (သန်လျင်) ဦးဆောင်ပြီး အလှူရှင် ဦးမျိုးမင်း + ဒေါ်အေးမြ စန်း၊ သား မောင်ချစ်ကိုဇင် (သန် လျင်-မန္တလေး) နှင့် ဦးမြဖူး+ဒေါ်လဲ့ လဲ့ဝင်း သား မောင်ခန့်ဝင်းကို၊ မောင် ပိုင်ဘုန်းပြည့် (ဘီးလင်းမြို့) မိသားစု တို့က ကျေးဇူးရှင် ဆရာတော် ဘုရား ကြီး၏ ရှေးယခင်၊ ရဟန်းဒါယကာ ဒါယိကာမများနှင့် အတူ ခုနစ်ရက် သားသမီးများ ပေါင်းစု၍ လှူဒါန်း ခြင်းဖြစ်ကြောင်း သိရသည်။


မိုးလွင်ဟန်

မိုးလွင်ဟန်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.