21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သစ်သီးဝလံ ပြည်ပတင်ပို့မှုကဏ္ဍတွင် ဖရဲသီးတင်ပို့မှုမှာ ထိပ်ဆုံးနေရာတွင် ရှိနေ

ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက် မှ သြဂုတ်လ ၁၁ ရက်အထိ လေးလ ကျော်ကာလအတွင်း သစ်သီးဝလံ ပြည်ပတင်ပို့မှုကဏ္ဍတွင် ဖရဲသီး တင်ပို့မှုမှာ ထိပ်ဆုံးနေရာတွင် ရှိနေ ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အ သင်း၏ သတင်းများအရ သိရသည်။

စီးပွားရေး ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာန သတင်းများအရ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင်  အ မေရိကန် ဒေါ်လာ ၉၃ သန်းကျော်ဖိုး ရှိ သစ်သီးဝလံတန်ချိန် ၇၁ဝဝဝဝ ကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၁ သန်း ကျော်ဖိုးရှိ သစ်သီးဝလံတန်ချိန် ၉၄ဝဝဝဝ ကျော်အထိ တင်ပို့ရောင်း ချပေးခဲ့ရကြောင်း သိရသည်။       

ယခု ၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် တွင်လည်း ဧပြီလ ၁ ရက်မှ သြဂုတ် လ ၁၁ ရက်အထိ အမေရိကန်ဒေါ် လာ ၃၁ ဒသမ ၃၈၇ သန်း တန်ဖိုးရှိ မြန်မာ့ သစ်သီးဝလံတန်ချိန် ၂၁ဝ၆၂၁ တန်အထိ တင်ပို့ရောင်းချ ခဲ့ရာတွင် ဖရဲသီးတန်ချိန် ၁၃၉၄၃၇ တန် တင်ပို့နိုင်ခဲ့သဖြင့် အမေရိကန် ဒေါ်လာ ၁၂ သန်းကျော်အထိ နိုင်ငံ ခြား ဝင်ငွေရရှိခဲ့ဖြင့် သစ်သီးဝလံ ပြည်ပတင်ပို့မှုကဏ္ဍတွင် ထိပ်ဆုံး နေရာ၌ ရှိနေကြောင်း သိရသည်။

 သရက်သီးတင်ပို့မှုမှာ တန်ချိန် ၃ဝ၅၂၃ တန်ကျော်ဖြင့် ပြည်ပတင်ပို့ မှု ဒုတိယ အများဆုံး၊ သခွားမွှေးမှာ တန်ချိန် ၂၁၇၄၉ တန် တင်ပို့နိုင်ခဲ့ သဖြင့် တတိယတင်ပို့မှုအများဆုံး နေရာတွင် ရှိနေသည်။

အဆိုပါ သရက်သီး၊ ဖရဲသီးနှင့် သခွားမွှေးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ဖရဲသီး၊ သရက်သီး၊ သခွားမွှေး သီး၊ ဆီးသီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ငှက်ပျောသီး၊  အုန်းသီး၊ ကျွဲကောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး စသည့် သစ်သီးဝလံများနှင့် ဟင်းသီးဟင်း ရွက်များ၊ ပန်းများကိုလည်း အိမ်နီး ချင်းနိုင်ငံများ၊ အာဆီယံ ဒေသတွင်း နိုင်ငံများ  အာရှ၊ ဥရောပ၊ အာဖရိက၊ အမေရိကန်နှင့် အီးယူဈေးကွက် အထိ တင်ပို့ရောင်းချလျက်ရှိသည်။

လက်ရှိတွင် မြန်မာ့ သစ်သီးဝလံ အပါအဝင် လယ်ယာထွက်ကုန်များ အား ပြည်ပဈေးကွက်များသို့ တင်ပို့ နိုင်ရေးနှင့် နိုင်ငံတကာ ဈေးကွက် များတွင် ဈေးကွက် ယှဉ်ပြိုင်ရောင်းချ နိုင်ရေးအတွက် စိုက်ပျိုးရေး ဦးစီး ဌာနအနေနှင့် သီးနှံအမျိုးအစား ၁၅ မျိုးကို ဂျီအေပီ အသိအမှတ်ပြု လက် မှတ်ရရှိနိုင်စေရန် ဒေသခံတောင်သူ များနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိ သည်။ အဆိုပါ 'ဂျီအေပီ' လက်မှတ် ကို သရက်ခြံများအား အဓိကထား ထုတ်ပေးခဲ့ရာ နိုင်ငံတကာ ဈေးကွက် များတွင် ဈေးနှုန်းများ ပိုမိုရရှိလာခဲ့ သည်ဟု ဆိုသည်။ သြဂုတ်လ ၃ဝ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးတွင် မြန်မာသစ်သီးဝလံနှင့် ဟင်း သီးဟင်းရွက်ကဏ္ဍ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်မြင့်တင် ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရ  သည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.