21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဘူးသီးတောင်-မောင်တော ကားလမ်းပေါ်တွင် ပြေးဆွဲနေသည့် လိုင်းကားများ ယခင်ပုံမှန်ဈေး ကောက်ခံရန် သံဃနာယကအဖွဲ့ တောင်းဆို

ဘူးသီးတောင်-မောင်တော ကား လမ်းပေါ်တွင် ပြေးဆွဲနေသည့် ယာဉ် များသည် ယခင်ခရီးသည်များထံမှ ကောက်ခံနေသည့် ဈေးနှုန်းအတိုင်း သာ ကောက်ခံပေးရန် ဘူးသီးတောင် မြို့နယ် သံဃနာယကအဖွဲ့က တောင်းဆိုလိုက်ပြီး လိုက်နာမှုမရှိပါ က ဒေသအာဏာပိုင်တို့၏ အကူ အညီဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

ဘူးသီးတောင်မြို့ အေးစေတီ ဘုန်းတော်ကြီးကျောင်းတိုက်တွင် စက်တင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ သည့် မြို့နယ် သံဃနာယကအဖွဲ့နှင့် မြို့တော်သံဃာတော်များက အစည်း အဝေးတစ်ရပ်ပြုလုပ်ကာ အထက်ပါ တိုင်း ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် မောင်တောမြို့ပေါ်နှင့် ကျေး လက်ဒေသမှ ဒေသခံတိုင်းရင်းသား အများစုသည် စစ်တွေမြို့အပါအဝင် တခြားမြို့နယ်များသို့ ထွက်ခွာနေကြ ပြီး ယင်းသို့ ထွက်ခွာနေသူများကို ဘူး သီးတောင်-မောင်တောကားလမ်းပေါ် တွင် ပြေးဆွဲနေသည့် ယာဉ်မောင်း များက တစ်ဦးလျှင် ယာဉ်စီးခတစ် သောင်းခွဲကျပ်ထိ ကောက်ခံနေသည် ဟု မြို့နယ်သံဃနာယကအဖွဲ့၏ တောင်းဆိုချက်တွင် ရေးသားထား သည်။

''လူတွေ ဒုက္ခရောက်နေချိန်မှာ ကားသမားတချို့က အခွင့်အရေး တစ်ရပ်အဖြစ် အသုံးချပြီးတော့ လုပ်စားနေတာကို ရပ်တန့်ဖို့ အခုလို တောင်းဆိုရတာဖြစ်ပါတယ်''ဟု အ စည်းအဝေးသို့ တက်ရောက်ခဲ့သည့် သံဃာတော်တစ်ပါးက ပြောသည်။

 မောင်တောမြို့နှင့် ဘူးသီး တောင်မြို့သည် ၁၆ မိုင်ကွာဝေးပြီး ဖြတ်သန်းသွားလာသည့် လမ်းတွင် ဘင်္ဂလီကျေးရွာတချို့ကို ဖြတ်သန်းရ ခြင်း၊ တောတောင်များကို ဖြတ်သန်းရ ခြင်းတို့ကြောင့် ယာဉ်မောင်းများအနေဖြင့် စွန့်စား၍ သွားလာနေရ ခြင်းဖြစ်သည်ဟု ယာဉ်မောင်း ဦးအောင်သိန်းက ဆိုသည်။

 မောင်တောမြို့မှ တခြားဒေသ များသို့ သွားရောက် ခိုလှုံနေသူများ အနေဖြင့် ယခင်ဈေးနှုန်းဖြစ်သည့် ခရီးသည်တစ်ဦးလျှင် လေးထောင် ကျပ်နှုန်းသာ ကောက်ခံပေးရန် လို လားနေကြသည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.