16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာ့ 'ပရဆေး' ကုန်ကြမ်းများအား တရုတ်နိုင်ငံသို့ လစဉ်တင်ပို့ရောင်းချပေးနေရ

မြန်မာ့ 'ပရဆေး' ကုန်ကြမ်းများအား တရုတ်နိုင်ငံသို့ လစဉ်တင်ပို့ ရောင်းချပေးနေရကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနသတင်းများအရ သိရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပရဆေး ကုန်ကြမ်းပစ္စည်းများသည် တော ထဲတောင်ထဲတွင် သဘာဝအတိုင်း ပေါက်ရောက်နေသည့် သစ်ပင်၊ သစ် မြစ်၊ သစ်ဥများဖြစ်နေသဖြင့် မည် သည့် ဓာတုဗေဒဆေးဝါးဓာတ်ကြွင်းမှ ပါဝင်ခြင်းမရှိသည့် သြဂဲနစ်စစ်စစ် သဘာဝ သစ်ပင်၊ သစ်မြစ်၊ သစ်ဥ များဖြစ်သည်။ မြန်မာ့ ပရဆေးကုန် ကြမ်းများမှာ အစွမ်းအာနိသင် ထက် မြက်မှုရှိနေသဖြင့် တရုတ်တိုင်းရင်း ဆေးဝါးများနှင့် အခြားသော စီးပွား ရေး လုပ်ငန်းများတွင် အသုံးပြုရန် တရုတ်နိုင်ငံဈေးကွက်မှ ဝယ်ယူအသုံး ပြုနေခြင်းဖြစ်သည်။ ထိုသို့ တင်ပို့ ရောင်းချရာတွင် မူဆယ်နယ်စပ်ကုန် သွယ်ရေးစခန်းမှ အများဆုံး တင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းမှလည်း တင်ပို့ရောင်းချပေးနေသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ ၂ဝ၁၇ ခုနှစ် မေလ ၂ဝ ရက်မှ ၂၆ ရက် တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၆၆ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၃၈ တန်၊ ဇွန်လ ၁၇ ရက်မှ ၂၃ ရက် တစ်ပတ်အတွင်း အမေရိကန် ဒေါ် လာ သုည ဒသမ ၆၅၂ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်း ၄၆၅ တန်၊ ဇူ လိုင်လ ၁၅ ရက်မှ ၂၁ ရက်အထိ တစ်ပတ်အတွင်း အမေရိကန်ဒေါ် လာ သုည ဒသမ ၄၇၁ သန်းတန်ဖိုး ရှိ ပရဆေးကုန်ကြမ်း ၅၃၅ တန်၊ လွန်ခဲ့သည့် သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၄ဝ၁ တန်ဖိုးရှိ ပရဆေး ကုန်ကြမ်း တန်ချိန် ၃၆၈ တင်ပို့ကို မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ရောင်းချပေးခဲ့ပြီး မေလ ၂ဝ ရက်မှ ၂၆ ရက် တစ်ပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုည ဒသမ ၁၁ဝ သန်း တန်ဖိုးရှိ ကြက်ဆူစေ့ ၁၅၇ တန်ကျော်၊ သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အတွင်း အမေရိကန် ဒေါ်လာ ၂၂၈၈ ဒေါ်လာဖို့ရှိ ဒရင်ကောက်မြစ် ၁၆ တန်ကို ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပရဆေး ကုန်ကြမ်းများ တင်ပို့ရောင်း ချ၍ ရရှိလာသည့် ဝင်ငွေမှာ ဈေးနှုန်း အတက်အကျနှင့် ငွေလဲနှုန်းများအ ပေါ် မူတည်ကာ ကွာဟမှုရှိနေ ကြောင်း သိရသည်။

 မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ပရဆေး ကုန်ကြမ်းများမှာ ကွမ်းစားဂမုန်း၊ နံနွင်းတက်၊ တောချင်း၊ မာလာဥ ခေါင်း၊ ဆီးဆန်၊ မိကျောင်းကွမ်းဖတ် စေ့၊ နေလဲစေ့၊ ကြောင်လျှာစေ့၊ ဒရင် ကောက်မြစ် စသည်တို့ဖြစ်သည်။ ထိုသို့ ပရဆေးများကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချနေသကဲ့သို့ အိန္ဒိယ နိုင်ငံမှ ပြန်လည်တင်သွင်းနေမှုများ လည်း ရှိသည်။ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ၂ဝ၁၇ ခုနှစ် မေလ ၂ဝ ရက်မှ ၂၆ ရက်တစ်ပတ်အတွင်း တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၂၂၄ဝ ဒေါ် လာ တန်ဖိုးရှိ တောင်လုံးကျော်နှစ် တန်ခွဲ၊ ဇွန်လ ၁၇ ရက်မှ ၂၃ ရက် တစ်ပတ်အတွင်း အမေရိကန်ဒေါ် လာ ၃၃၈၈၈ တန်ဖိုးရှိ တောင်လုံး ကျော်နှစ်တန်၊ ဇူလိုင်လ ၁၅ ရက်မှ ၁၂  ရက်အထိ တစ်ပတ်အတွင်း တမူးနှင့် ရိဒ်နယ်စပ်ကုန်သွယ်ရေး ခန်းများမှ  အမေရိကန်ဒေါ်လာ ၅၃၁၉၃ ဒေါ်လာတန်ဖိုးရှိ  တောင် လုံးကျော်သုံးတန်ကျော်၊ ပြန်လည် တင်သွင်းခဲ့ကြောင်း သိရသည်။ မြန် မာနိုင်ငံဘက်တွင် တောင်လုံးကျော် တစ်တန်ကို ငွေကျပ်သိန်း ၂၃ဝ ပေါက်ဈေးရှိသည်ဟု ဆိုသည်။ ထိုသို့ ပရဆေးသည် နိုင်ငံတကာ ဈေးကွက် ရှိသော်လည်း မြန်မာနိုင်ငံအနေနှင့် သဘာဝ တောတောင်များမှသာ ရှာ ဖွေတင်ပို့ရောင်းချနေသဖြင့်  စီးပွား ဖြစ် စိုက်ပျိုး ထုတ်လုပ်ရန် စီစဉ် ဆောင်ရွက်နေပြီဖြစ်သည်။ လွန်ခဲ့ သည့် သြဂုတ်လအတွင်းက ကရင် ပြည်နယ်အစိုးရနှင့် ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်းတို့၏ ပူးပေါင်းဆောင် ရွက်မှုဖြင့် စီးပွားရေးဖြစ် ပရဆေး စိုက်ပျိုးနည်းသင်တန်းများဖွင့်လှစ်ပို့ ချပေးခဲ့သည်။ ထို့အတူ ကရင်ပြည် နယ် အစိုးရနှင့် နိပွန်ဖောင်ဒေးရှင်း တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပရဆေးသီးနှံ စိုက်ပျိုးရေး ဥယျာဉ်ခြံ နှင့် ပရဆေး သင်တန်းကျောင်းဖွင့် လှစ်ကာ ပရဆေးသီးနှံကုန်ကြမ်း စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ သည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.