16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ပြင်ဆင်ရေးဆွဲဆောင်ရွက်ရာတွင် စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး ရှစ်ရပ်လုံးကို ထည့်သွင်းဖော်ပြထား

စားသုံးသူ အကာအကွယ် ပေး ရေး ဥပဒေပြင်ဆင် ရေးဆွဲဆောင် ရွက်ရာတွင် စားသုံးသူများ ရရှိနိုင် မည့် အခွင့်အရေး ရှစ်ရပ်လုံးကို ထည့် သွင်းဖော်ပြထားကြောင်း စားသုံးသူ ရေးရာ ဦးစီးဌာန၏ သတင်းအချက် အလက်များအရ သိရသည်။

စားသုံးသူ အကာအကွယ်ပေး ရေး ဥပဒေ ၂ဝ၁၄ မှာ လိုအပ်ချက် များရှိနေသဖြင့် အစားထိုးပြင်ဆင် ရေးဆွဲရန် ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးဆောင်သည့် ဌာနတွင်း ပြင် ဆင် ရေးဆွဲရေးအဖွဲ့နှင့် ဆောင်ရွက် ခဲ့ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့ တင်ပြ အကြံပြုချက်များရယူခဲ့ကာ ပြည်ထောင်စု အစိုးရနှင့် လွှတ်တော် အဆင့်ဆင့်သို့ တင်ပြနိုင်ရန် ဆောင် ရွက်လျက်ရှိသည်ဟု ဆိုသည်။

အဆိုပါ စားသုံးသူ အကာအ ကွယ်ပေးရေး ဥပဒေသစ်တွင် UN Guidelines အရ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး ၈ ရပ်ကို ဖော်ပြထားရာ စားသုံးသူများ ကုန် စည်နှင့် ဝန်ဆောင်မှုများ ဘေး အန္တရာယ် ကင်းရှင်းစွာ အသုံးပြုခွင့် ရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင် မှုများ၏ မှန်ကန်ပြည့်စုံသော သတင်း အချက်အလက်များ ရရှိစေရေး၊ ကုန် စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ် နာ ဆုံးရှုံးမှုများနှင့် စပ်လျဉ်း၍ ပါဝင် ကြားနာခွင့် ရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအား စိတ်ကြိုက် ရွေး ချယ်နိုင်ခွင့်ရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ စား သုံးသူ၏ အခြေခံလိုအပ်ချက်များအ  ပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ် သော ဆုံးရှုံးနစ်နာမှုများကို ကုစား ခွင့်ရရှိစေရေး၊ ကုန်စည်နှင့် ဝန် ဆောင်မှုများနှင့် ပတ်သက်သည့်  အသိပညာများ၊ အခွင့်အရေးနှင့် အချက်အလက်များကို  သိရှိလေ့လာ ခွင့်ရရှိစေရေး၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင်ကောင်းတွင် ရှင်သန် နေထိုင်ခွင့်ရရှိရေး စသည့် အခွင့်အ ရေးများဖြစ်သည်။

အဆိုပါ ဥပဒေသစ်တွင် စီးပွား ရေးလုပ်ငန်းရှင်များ အနေနှင့် ထုတ်လုပ်သည့် ကုန်စည်အပေါ် ထုတ် ကုန်လုံခြုံစိတ်ချရမှု၊ ထုတ်ကုန်အ ပေါ် တာဝန်ရှိမှု Labeling နှင့် Market Surveillance များကိုလည်း အခန်းတစ်ခန်းစီ ထည့်သွင်း ဖော်ပြထားသည်။

ယခင်ဥပဒေအရ တိုင်တန်းမှုများရှိလာမှသာ တရားစွဲဆိုနိုင်သော်လည်း ဥပဒေသစ်အရ  စားသုံးသူများအား အကာအကွယ်ပေးနိုင်ရန် အတွက် ဦးစီးဌာနက တရားလိုပြု လုပ်ကာ အမှုဖွင့် တရားစွဲဆိုနိုင်မည် ဖြစ်သည်။

ထို့အပြင် အဆိုပါ ဥပဒေသစ်တွင် ပြစ်မှုအတိမ်အနက်အလိုက် ပြစ်ဒဏ်ငါးမျိုး သတ်မှတ်ထားကာ အနည်းဆုံးပြစ်မှုအတွက်  ပြစ်ဒဏ် ပမာဏကို ငွေကျပ်သိန်း သုံးဆယ်နှင့် ထောင်ဒဏ် သုံးလအထိ၊ အမြင့်ဆုံး ပြစ်မှုအတွက် ငွေကျပ်သိန်းနှစ် ထောင်နှင့် ထောင်ဒဏ်နှစ်နှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ ဥပဒေသစ်ကို ယခု နှစ်ကုန်ပိုင်းကာလ (သို့မဟုတ်) လာမည့်နှစ် နှစ်ဦးပိုင်းတွင် ပြဋ္ဌာန်းနိုင် မည်ဟု ခန့်မှန်းထားကြောင်း သိရ သည်။

လက်ရှိ အတည်ပြုနေသည့် စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ကို ၂ဝ၁၄ ခုနှစ် မတ်လ ၁၄ ရက်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။

 ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.