16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဆန်ဈေးကွက်သစ် မာယက်တ်နိုင်ငံသို့ သြဂုတ် တတိယပတ်မှစ၍ ဆန်များစတင် တင်ပို့

သြဂုတ် ၂ဝ ရက် မှ ၂၆ ရက်အတွင်း မြန်မာဆန်ဈေးကွက် သစ်အဖြစ် ထပ်မံချိပ်ဆက် ရရှိ လာသည့် မာယက်တ် နိုင်ငံသို့ ဆန် များ စတင် တင်ပို့ရောင်းချပေးခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သတင်း များအရ သိရသည်။

 စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန သတင်းများအရ သြဂုတ်လ ၂ဝ ရက်မှ ၂၆ ရက် အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်ရေးလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၉၂၅ သန်းတန်ဖိုး ရှိ ဆန်ဖြူနှင့် ပေါင်းဆန်တန်ချိန် ၁၅၂၉၅ တန် တင်ပို့ရောင်းချခဲ့ရာ တွင် ဆန်ဖောက်သည် ဈေးကွက်သစ် ဖြစ်သည့် မာယက်တ် နိုင်ငံသို့ ဧည့် မထဆန်တန်ချိန် ၁၂၅ တန် တင်ပို့မှု လည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း ပြည်ပ ဆန်တင်ပို့၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၇ဝဝဝ နှင့် ပေါင်းဆန်တန်ချိန် ၅ဝဝ တင်ပို့ခဲ့ရ သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အဆိုပါ တစ်ပတ်အတွင်း ဆန်အများဆုံး တင်ပို့ခဲ့ရသည့် နိုင်ငံဖြစ်လာပြီး ဒုတိယအများဆုံး တင်ပို့ခဲ့ရသည့် နိုင်ငံမှာ အာဖဂန်နစ္စတန် နိုင်ငံဖြစ် သည်။

 အဆိုပါနိုင်ငံသို့ ဧည့်မထဆန် တန်ချိန် ၄၅၅ဝ တန် တင်ပို့ရောင်း ချပေးခဲ့သည်။

သီရိလင်္ကာနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၁၂၅ဝ၊ တရုတ်နိုင်ငံသို့ ငစိန်ဆန် ၂၁၈ တန်နှင့် ဧည်မထ ဆန် ၄၆ တန်၊ စင်ကာပူ နိုင်ငံသို့ ဧည့်မထဆန်တန်ချိန် ၁ဝဝ၊ မက်ဒါ ဂါစတားနိုင်ငံသို့ ဧည့်မထဆန် ၄၁၆ တန်၊ ယူအေးအီးနိုင်ငံသို့ ဧည့်မထ ဆန် ၁၂၅ တန်၊ ဂီနီနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၃၅ဝ၊ အီးယူနိုင်ငံများသို့ ဧည့်မထဆန် ၂၄ဝ၊ ငစိန်ဆန်တန် ချိန် ၂၅ဝ နှင့် ပေါင်း ဆန် ၁၂၅ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့အတူ အဆိုပါကာလအတွင်း မြန်မာ-တရုတ်နယ်စပ်နှင့် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ နယ်စပ်ကုန် သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၄ သန်းတန်ဖိုးရှိ ဆန်နှင့် ကောက်ညှင်းဆန် ၂၂၉၄၆ တန်၊ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန် ၅၂၁၆ တန်၊ ဧည့်မထဆန် ၁၁၁၅၂ နှင့် ကောက်ညှင်းဆန် ၈၃ တန်၊ ချင်းရွှေ ဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၈၄ တန်၊ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် ၅၆၉၆ တန်  တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေနယ်စပ် ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် တန်ချိန် ၂၇ဝ နှင့် မောင်းတော နယ်စပ်ကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန် ၂၄၅ တန် တင်ပို့ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာ့ဆန်ဖောက် သည်ဈေးကွက်များအား အပတ်စဉ် လိုလို ချိတ်ဆက်တင်ပို့နိုင်ခဲ့သဖြင့် ဖောက်သည်ဈေးကွက်နိုင်ငံ ငါးဆယ် ကျော်အထိ တင်ပို့ရောင်းချနိုင်ပြီ ဖြစ်ကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.