21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြစ်ရေတိုးနေသည့်အတွက် ချင်းတွင်း မြစ်ရိုးတစ်လျှောက်နေထိုင်သူများ မြစ်ရေလျှံမည်ကို စိုးရိမ်နေ

ချင်းတွင်းမြစ်ဖျားဒေသတွင် သြဂုတ်လကုန်ပိုင်းမှအစပြု၍ မိုးအ ဆက်မပြတ်ရွာသွန်းနေမှုကြောင့် မြစ် ရေတိုးလျက်ရှိရာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝမြို့ နယ်အတွင်း နေထိုင်သူများ၊ ချင်း တွင်းမြစ်ရိုးတစ်လျှောက်နေထိုင်သူ ဒေသခံများမှာ လေးကြိမ်မြောက် ရေ လျှံမည်ကို စိုးရိမ်နေကြကြောင်း ဟုမ္မ လင်းမြို့နယ် ကောယားရွာဒေသခံ ဦးကျော်ဆွေက ပြောသည်။

ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြို့များနှင့် ရွာများတွင် ယခုနှစ်မိုးဦး ကာလမှအစပြု၍ ချင်းတွင်းမြစ် ရေ ကြီးရေလျှံမှု သုံးကြိမ်ကြုံတွေ့ခဲ့ရပြီး ရေဘေးသင့်သောင်းချီ၍ ရေလွတ်ရာ သို့ ပြောင်းရွှေ့ခဲ့ကြရသည့်အပြင် လယ်စိုက်ဧက သောင်းချီရေမြုပ်ခဲ့ ကြောင်း  သိရသည်။

''ခန္တီးမြို့မှာကတော့ ချင်းတွင်း မြစ်ရေဟာ စက်တင်ဘာ ၃ ရက်က စတက်ပါတယ်။ အခုနှုန်းအတိုင်း ရေတက်နေရင် နောက်ထပ်ရေကြီး ရေလျှံမှု ထပ်မံဖြစ်ပွားနိုင်ပါတယ်။ စိုက်ပျိုးသီးနှံတွေကတော့ ပျက်စီးမှု တော်တော်များများနိုင်ပါတယ်''ဟု ဦးကျော်ဆွေက ပြောသည်။

ကလေးမြို့ အခြေစိုက် မိုးဇလ ဌာန၏ နေ့စဉ်ထုတ်ပြန်ကြေညာချက် များအရ စက်တင်ဘာ ၃ ရက်တွင် ၈၂၉ စင်တီမီတာရှိသည့် ချင်းတွင်း မြစ်ရေမှာ စက်တင်ဘာ ၆ ရက်တွင် ၁ဝ၄၃ (စိုးရိမ်-၁၃၆ဝ) စင်တီမီတာ အထိ ရောက်ရှိလာကြောင်း ထုတ် ပြန်ကြေညာထားသည်။ စက်တင် ဘာ ၆ ရက် ထုတ်ပြန်ချက်အရ ဟုမ္မ လင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် ၂၇၇ဝ (စိုးရိမ်-၂၉ဝဝ) စင်တီမီတာ၊ ဖောင်းပြင်တွင် ၁ဝ၂၅ (စိုးရိမ်-၁၃၂၅) စင်တီမီတာ၊ မော်လိုက်တွင် ၉၄၈ (စိုးရိမ် - ၁၂၃ဝ) စင်တီမီတာ၊ ကလေးဝတွင် ၁၁၇၁  (စိုးရိမ် - ၁၅၅ဝ) စင်တီမီတာရှိကြောင်း သိရ သည်။

''စက်တင်ဘာလဆိုတာက မိုးစပါးတွေလည်း အသီးအပွင့်ဝင်တဲ့ အချိန်၊ ဆောင်းသီးနှံစိုက်ကြမယ့် တောင်သူတွေလည်း ယာလုပ်ငန်းဝင် ချိန်ဖြစ်နေတော့ ရေကြီးရေလျှံမှာ စိုး ရိမ်နေကြတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ ချင်းတွင်းမြစ်ရေ က သုံးကြိမ်ရေကြီးရေလျှံလိုက်တဲ့ အတွက် ကျွန်တော်တို့ လယ်ဆိုရင် အနိမ့်ပိုင်းစိုက်ခင်းတွေကတော့ ရေ မြုပ်တာကြာတဲ့အတွက် ပျက်တယ်။ ကုန်းတွင်းပိုင်းမိုးကောင်းလယ်ကတော့ အခုအနှံထိုးနေပြီ''ဟု ဟုမ္မလင်းနယ် မှ စပါးစိုက်တောင်သူ ဦးပေါမောင်က ပြောသည်။

ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်မြို့ နယ်များတွင် ဖွဲ့စည်းထားသည့် သဘာဝဘေး ကြိုတင်ကာကွယ်ရေး အဖွဲ့များအနေဖြင့် ချင်းတွင်းမြစ်ရေ တက်လာသည့်အတွက် ရေဘေးသင့် နိုင်သည့် ကျေးရွာ ရပ်ကွက်ရှိ ဒေသခံများ ကျွဲ နွား တိရစ္ဆာန်များ အရေး ပေါ် ပြောင်းရွှေ့နေရာချထားနိုင်ရန် အသင့်ပြင်စောင့်ကြည့်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မော်လိုက်မြို့ သဘာဝဘေးကြိုတင်ကာ ကွယ်ရေး ကော်မတီမှ တာဝန်ရှိတစ် ဦးက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.