16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့နယ်အတွင်း တရားမဝင် ဆေးဝါးများရောင်းချသည့် ဆေးဆိုင်များကို ငွေဒဏ် ထောင်ဒဏ်နှစ်မျိုးလုံးဖြင့် အရေးယူမည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့နယ်အတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန စား သုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာ မိတ်ဖက်ဌာနများမှ ဦးဆောင်၍ ကျောင်းများ၊ ဈေးများ၊ ဈေးဆိုင်များ၊ ရပ်ကွက် ကျေးရွာများတွင် ပညာပေး ဟောပြောမှုများ စစ်ဆေးတွေ့ရှိ သတိ ပေးမှုများအကြိမ်ကြိမ်ဆောင်ရွက်ခဲ့ ပြီးဖြစ်၍ စက်တင်ဘာလ ဆန်းစစ် ဆေးမှုများတွင် တားမြစ်ဆေးဝါးများ  တရားမဝင် ဆေးဝါးများ စပ်ဆေးများ ရက်လွန်ဆေးများ ရောင်းချနေသည် ကို တွေ့ရှိပါက အမျိုးသား ဆေးဝါး ဥပဒေဖြင့် ငွေဒဏ်၊ ထောင်ဒဏ်ချ မှတ်နိုင်သည်အထိ အရေးယူဆောင် ရွက်သွားတော့မည်ဖြစ်ကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာ ဝန်ရှိက စက်တင်ဘာ ၂ ရက်က ပြောသည်။

''ကလေးမြို့ပေါ် မြို့နယ်အ တွင်းမှာရှိတဲ့ ဆေးဆိုင်တွေ၊ ဈေးတွေ၊ ဈေးဆိုင်တွေ၊ စားသောက်ကုန်ဆိုင် တွေ၊ စားသောက်ဆိုင်တွေကို ရှောင် တခင်ဝင်ရောက် စစ်ဆေးမှုတွေ မကြာခဏဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ အခုလို ဆောင်ရွက်ရ တယ်ဆိုတာကလည်း ဒေသတွင်း စားသုံးသူများ မလိုလားအပ်တဲ့ အန္တရာယ်တွေမဖြစ်အောင် ကာကွယ်တဲ့ သဘောဖြစ်ပါတယ်။ ထို့အတူ ဒေသခံပြည်သူလူထုတွေ၊ ဈေးသည် တွေ၊ ဆေးဆိုင်တွေကလည်း ပါဝင်ကူညီဖို့ လိုပါတယ်။ တားမြစ် ဆေးဝါး၊ တားမြစ်စားသောက်ကုန်စည် မ ရောင်းချခြင်းဟာ ပြည်သူလူထုနှင့် အတူပါဝင်ကူညီခြင်းဖြစ်ပါတယ်''ဟု ယင်းတာဝန်ရှိက ပြောသည်။

ကလေးမြို့ပေါ်တွင် အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီး ဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများစု ပေါင်း၍ ဈေးများ၊ ဈေးဆိုင်များ၊ ဆေး ဆိုင်များကို စစ်ဆေးမှုများ မကြာ ခဏ ဆောင်ရွက်လျက်ရှိရာ တရားမ ဝင် ဆေးဝါးများ၊ ရက်လွန်ဆေးဝါး များ၊ တားမြစ်စားသောက်ကုန်စည် အချို့တို့ကို တွေ့ရှိသည့်အတွက် သတိပေးမှုများ ခံဝန်ဂတိလက်မှတ် များ ထိုးခိုင်း၍လည်းကောင်း ဆောင် ရွက်ခဲ့ရကြောင်း သိရသည်။

''ကျွန်မတို့ သြဂုတ်လ ၁၆ ရက် က ကလေးမြို့ပေါ်မှာ ရှိတဲ့ ဆေးဆိုင် ၁၃ ဆိုင်ကို ရှောင်တခင်ဝင်ရောက် စစ်ဆေးခဲ့ပါတယ်။ ဆေးဆိုင်နှစ်ဆိုင် ဖြစ်တဲ့ တိုက်စိမ်း သုံးဆေးဆိုင်၊ သုခ ရွှေပြည်ဆေးဆိုင်တို့ကနေပြီး တရား မဝင်ဆေးအမျိုးအစားပေါင်း ၅ဝ ကို သိမ်းဆည်းရရှိခဲ့ပါတယ်။ ဒီဆေးဆိုင် တွေကို ဟိုအရင်စစ်ဆေးမှုတွေတုန်း ကလည်း သတိပေး၊ ခံဝန်ကတိတွေ ဆောင်ရွက်ထားတာဖြစ်တဲ့အတွက် အခုစက်တင်ဘာလကနေစတင်ပြီး တော့ ဆေးဆိုင်နှစ်ဆိုင်ကို ဆေး ရောင်းချခွင့် ခြောက်လပိတ်သိမ်း အရေးယူမှုဆောင်ရွက်ထားပါတယ်'' ဟု ကလေးမြို့နယ် စားသုံးသူ ရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သန်းသန်း ဝင်းက ပြောသည်။

ကလေးခရိုင်အတွင်း အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီး ဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့များဖြင့် ဆေးဆိုင်၊ ဈေး ဆိုင်များကို စစ်ဆေးမှုများဆောင် ရွက်လျက်ရှိရာ ကလေးမြို့ပေါ်ရှိ ဆေးဆိုင်များကို ၂ဝ၁၇ နှစ်ဆန်းပိုင်း ဇန်နဝါရီလ ၁၄ ရက်က တစ်ကြိမ်၊ မတ်လ ၂၅ ရက်က တစ်ကြိမ် မေ ၁၁ ရက်က တစ်ကြိမ်၊ ဇွန် ၂ဝ ရက် က တစ်ကြိမ်၊ ဇူလိုင် ၁၆ ရက်က တစ်ကြိမ် စစ်ဆေးသတိပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း စားသုံးသူ ရေး ရာဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်းက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.