21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ပြည်ပရေထွက်ပို့ကုန်ကဏ္ဍအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ရရှိရန် လျာထားဆောင်ရွက်ခဲ့ရာ လက်ရှိတွင် အမေရိကန် ဒေါ်လာ ၁၇၅ သန်းကျော် ရရှိနေပြီဖြစ်

ပြည်ပရေထွက်ပို့ကုန်ကဏ္ဍအတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်  အမေရိကန် ဒေါ်လာသန်း ၇ဝဝ ရရှိရန် လျာထားဆောင်ရွက်ခဲ့ရာ လက်ရှိတွင် အမေရိကန်ဒေါ်လာ ၁၇၅ သန်းကျော် ရရှိနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနသတင်းများအရ သိရ သည်။

 မြန်မာ့ ရေထွက်ကုန်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း များမှသာမကဘဲ ပင်လယ်ရေ ကြောင်း ကုန်သွယ်ရေးလမ်းကြောင်း များမှ တင်ပို့ရောင်းချပေးလျက်ရှိ သည်။ ထိုသို့ တင်ပို့ရောင်းချပေးရာ တွင် ပင်လယ်ပြင်မှ ဖမ်းဆီးရမိမှုများ လျော့နည်းကျဆင်းလာမှု၊ မိုးလေရာ သီဥတု ဆိုးဝါးမှုများကြောင့် လုပ်ငန်း လုပ်ကိုင်ချိန်နည်းပါးနေမှု၊  ရာသီဥတု ဖောက်ပြန်မှုများကြောင့် ငါးကန်များ ပျက်စီးဆုံးရှုံးမှ စသည့် အခြေအနေ များကြောင့်နိုင်ငံတကာ ဈေးကွက် များသို့ တင်ပို့ ရောင်းချမှုပမာဏ လျော့ကျသွားခဲ့သည်။ ထိုသို့ ပြည်ပ ဈေးကွက်များသို့ ရေထွက်ပို့ကုန် တင်ပို့မှု လျော့ကျသွား ခဲ့သော်လည်း ဈေးနှုန်းများမြင့်တက်လာသဖြင့် ဝင် ငွေ တိုးတက်ရရှိလာခဲ့သည်။ ငါး လုပ်ငန်းဦးစီးဌာန၏ သတင်းများအရ မြန်မာ့ရေထွက် ပို့ကုန် ပြည်ပတင်ပို့ မှုကဏ္ဍတွင် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၅ဝ၅ သန်း ရရှိခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆ဝ၅ သန်းကျော်ကျော်အထိ ရရှိလာခဲ့ သည်။ ယခု  ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာ တွင် အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ခန့် ရရှိရန် လျာထားဆောင်ရွက်ခဲ့ ရာ လက်ရှိအချိန်အထိ တန်ချိန် ၁၂၃ဝဝဝ ကျော် တင်ပို့နိုင်ခဲ့ပြီး အ မေရိကန် ဒေါ်လာ ၁၇၅ သန်းကျော် ရရှိနေပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ သဘာဝရေပြင်မှ ဖမ်းဆီးရမိမှုများ လျော့ကျလာနေသဖြင့် ပြည်ပဈေးကွက်များသို့ ရေထွက်ပို့ ကုန် တိုးမြှင့်တင်ပို့နိုင်ရေးအတွက် မွေးမြူးရေးကဏ္ဍအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်။ အဆိုပါ ဆောင် ရွက်မှုများအရ ငါးလုပ်ငန်းဦးစီးဌာန နှင့် ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံအဖွဲ့ UNCTAD တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ငါးလုပ်ငန်း ပို့ကုန်များ ကုန်သွယ်မှု စီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲကို ၂ဝ၁၇ ခုနှစ် သြဂုတ် ၈ ရက်မှ ၁ဝ ရက်အထိ ရန်ကုန်မြို့၊ မီကာဆာဟို တယ်တွင် ကျင်းပခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေး ပွဲတွင် ရေထွက်ကုန်လုပ်ငန်းကဏ္ဍ ဆိုင်ရာ ဥပဒေ၊ မူဝါဒများ မဟာဗျူ ဟာများ ချမှတ်ဆောင်ရွက်နေမှု၊ ငါး လုပ်ငန်းကဏ္ဍ၏ ထုတ်လုပ်မှုနှင့် ပို့ ကုန်တင်ပို့နိုင်မှု အခြေအနေများ၊ စွမ်း ဆောင်ရည်မြှင့်တင်နိုင်မှုများ၊ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်မှု အပေါ် သက် ရောက်နိုင်မှု အခြေအနေနှင့် ပြုပြင် ဆောင်ရွက်သင့်သည်များနှင့် ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ အတွေ့အကြုံအား ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရ သည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.