21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံနှင့် စီးပွားရေးချိတ်ဆက်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးအား အိန္ဒိယအစိုးရက အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့် စီးပွားရေးချိတ်ဆက်မှု ပိုမိုတိုးတက်ကောင်းမွန်လာ စေရန်အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး အား အိန္ဒိယအစိုးရက အဆင့်မြှင့် တင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ ၃၅၂ ကီလိုမီတာရှိသည့် အဝေးပြေးလမ်းမ ကြီးဖြစ်ပြီး  အဆင့်မြှင့်တင်ရန်အ တွက် သြဂုတ် ၂၁ ရက်တွင် အိန္ဒိယ ဗဟို အစိုးရက ရူပီး ၆၁၆၇ ကုဋေခန့် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းမကြီးအား အဆင့်မြှင့်တင်လိုက်ခြင်းဖြင့် အရှေ့ မြောက်ဒေသ၌ စီးပွားရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ကုန်သည် များအတွက် ကုန်သွယ်မှုလမ်းကြောင်း တစ်ခုရရှိလာပြီး မြန်မာနှင့် စီးပွားရေးချိတ်ဆက်မှု ပိုမိုတိုးတက် ကောင်းမွန် လာစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်မြှင့်တင်မည့် Aizawl Tuipang အဝေးပြေးလမ်းမကြီးသည် မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံအကြား စီးပွားရေး ဆက်သွယ်မှု တိုးတက်ကောင်းမွန်လာစေရန် အဓိကကျသည့် လမ်းမကြီးဖြစ်သည့် အပြင် မြန်မာနိုင်ငံကို ဖြတ်သန်းကာ အာဆီယံ ဈေးကွက်များသို့ ချိတ် ဆက်ရန်အတွက်လည်း  အသုံးပြုနိုင် မည်ဖြစ်သည်။

ထို့အပြင် အိန္ဒိယ၏ စိုက်ပျိုး ရေးထွက်ကုန်များ၊ ဥယျာဉ်ခြံထွက် ပစ္စည်းများ၊ နို့ထွက်ပစ္စည်းများ၊ ငါးမျိုးစုံ၊ စက်မှုထုတ်ကုန်မျိုးစုံများ အား အာဆီယံ ဈေးကွက်သို့လည်း ချိတ်ဆက်လာနိုင်ရုံသာမက နိုင်ငံ အတွက် ကုန်ကြမ်း ရရှိလာနိုင်မှုနှင့် အခြားသော ယှဉ်ပြိုင်နိုင်မှု အားသာ ချက်များရှိလာမည်ဖြစ်ကြောင်းလည်း သိရသည်။

အိန္ဒိယအတွက် မြန်မာသည် အရှေ့တောင်အာရှ ၁ဝ နိုင်ငံသို့ ကုန်းလမ်းဖြင့် ကူးလူးဆက်သွယ်ရန် တစ်ခုတည်းသော ဝင်ပေါက်၊ ထွက် ပေါက်ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အ ရှေ့မြောက်ဒေသရှိ ပြည်နယ်လေးခု သည် ကုန်းတွင်းပိတ်ဒေသဖြစ်နေ သော်လည်း မြန်မာနိုင်ငံနှင့် ထိစပ် လျက် ရှိနေသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.