16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
နိုင်ငံတကာ ခရီးသွား ဝင်ရောက်မှု ပိုများလာသဖြင့် ကလောဒေသတွင် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ ၄၉ လုံး၊ အိပ်ခန်းပေါင်း ၁ဝ၆၁ ခန်းအထိ ရှိလာ

ရှမ်းပြည်နယ်သို့ နိုင်ငံတကာ ခရီးသွား လာရောက်လည်ပတ်မှုများ ပြားလာနေသဖြင့် ကလောဒေသတွင် လိုင်စင်ရ ဟိုတယ်နှင့် တည်းခိုရိပ်သာ  ၄၉ လုံး၊ အိပ်ခန်းပေါင်း ၁ဝ၆၁ ခန်းအထိ ရှိလာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာန သတင်းများအရ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ရှမ်းပြည် နယ်သို့ ခရီးသွားဧည့်သည် ခုနစ် သိန်းကျော် လာရောက်လည်ပတ် ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်  ၁ဝ သိန်းကျော်အထိရှိခဲ့ကြောင်း သိရသည်။

ယခု ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် တွင်လည်း ဧပြီလ ၁ ရက်မှ သြဂုတ် လ ၃၁ ရက်အထိ ငါးလတာကာလ အတွင်း တာချီလိပ်နယ်စပ် ဝင်ပေါက် မှ ဝင်ရောက်လည်ပတ်ခဲ့သည့် နိုင်ငံ တကာ ခရီးသွား ဧည့်သည် ၁ဝဝ၃ဝ ဦးအထိ ရှိနေပြီဖြစ်သည်။

ကလောဒေသတွင် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များ ကို အကြောင်းပြုကာ ဟိုတယ်နှင့် တည်းခိုခန်းများ တိုးတက်ဖြစ်ပေါ် လာခဲ့ပြီး အဆိုပါ ဟိုတယ်များတွင် ဝန်ထမ်း ၈ဝ၂ ဦးအထိ အလုပ်အ ကိုင် အခွင့်အလမ်းများ ပေးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ဝန်ထမ်း ၈ဝ၂ ဦးတွင် သင်တန်းတက်ရောက်ပြီး ဝန်ထမ်း ၃ဝ၃ ဦးရှိသည်။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန အနေ ဖြင့် ဟိုတယ်များသို့ လာရောက် လည်ပတ်သော ဧည့်သည်များကို ဝန် ဆောင်မှုအကောင်းဆုံးပေးနိုင်ပြီး ဝန် ဆောင်မှု အရည်အသွေး မြင့်မားလာ စေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း လူငယ်လူရွယ်များ အလုပ်အကိုင် အ ခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ် ပြီး ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင် တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ် ပေးခဲ့ရာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင် များ အသင်း (ရှမ်းတောင်ဇုန်) မှ စီစဉ် ဖွင့်လှစ်ခဲ့သည့် ဟိုတယ် ဝန်ဆောင်မှု ဆိုင်ရာ သင်တန်း သုံးမျိုး ဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၁ ရက်တွင် ကလောမြို့ Hill Top Villa Hotel ၌ ပြုလုပ်ခဲ့ရာ အဆိုပါ သင် တန်းတွင် သင်တန်းသား၊ သင်တန်း သူ ၉၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.