21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
သြစတြေးလျ ပရော့ပါတီတို့အပေါ် တရုတ်ဝယ်သူ စိတ်ဝင်စားမှုလျော့ကျ

သြစတြေးလျ အိမ် ခြံ မြေ ဈေးကွက်ကို တရုတ်နိုင်ငံသားတွေ  မျက်စိကျပေမယ့် အစိုးရရဲ့ မူဝါဒ တင်းကျပ်မှုများ၊ အရင်းနှီးထိန်းချုပ် မှုတွေကြောင့် စိတ်ဝင်စားမှု လျော့ကျ လာကြောင်ဲးကတငေခသာ က ဖော်ပြ ပါတယ်။ ၂ဝ၁၇ ပထမသုံးလမှာ သြစတြေးလျ အိမ်ရာတို့အပေါ် စုံစမ်းမှု ယခင်နှစ်ကထက် ၁ဝ ရာခိုင် နှုန်းခန့်ကျသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တခြား အာရှနိုင်ငံတွေဖြစ် တဲ့ ထိုင်း၊ ဂျပန်နဲ့ မလေးရှားတို့မှာ တော့ တရုတ်ဝယ်သူတို့ရဲ့ စုံစမ်းမှု မြင့်တက်ခဲ့သလို မလေးရှားဟာ တရုတ် ဝယ်သူတို့ရဲ့ အကြိုက်နံပါတ် ကိုးနေရာမှာ ရှိပါတယ်။ သြစတြေး လျ အစိုးရရဲ့ အခွန်အပါအဝင် စည်းမျဉ်းသစ်တွေနဲ့ ကြုံရပေမယ့် တရုတ်ဝယ်သူတွေရဲ့ ဒုတိယ ပြည်ပ ဈေးကွက် အဖြစ် ၂ဝ၁၇ ပထမနှစ် ဝက်မှာ ဆက်ရှိဆဲပါ။ သြစတြေးလျ ဝိတိုရိယပြည်နယ်ဟာ နိုင်ငံခြားဝယ် သူတွေကို တံဆိပ်ခေါင်းခွန် သုံးရာ ခိုင်နှုန်းကနေ ခုနစ်ရာခိုင်နှုန်းအထိ ၂ဝ၁၆ မှာ စတင် တိုးမြှင့်ခဲ့ပါတယ်။

နယူးဆော့သ်ဝေးပြည်နယ်ကလည်း နိုင်ငံခြား ဝယ်သူတွေအပေါ် အခွန် တိုးကောက်ခဲ့ပါတယ်။ ၂ဝ၁၇ ပထမ သုံးလမှာ တရုတ်ဝယ်သူတွေရဲ့ ထိပ် ဆုံးနေရာ ငါးခုက အမေရိကန်၊ သြစတြေးလျ၊ ထိုင်း၊ ကနေဒါနဲ့ ယူ ကေတို့ဖြစ်ပေမယ့် တရုတ်ကမ္ဘာလှည့်  လာရောက်မှုတွေနဲ့အတူ အရှေ့ တောင်အာရှကို  အခုပိုမိုစိတ်ဝင်စား လာကြတာဖြစ်ပါတယ်။

Source; Juwai.com.

Zaygwet
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.