21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးဒေသထွက် နဂါးမောက်သီးများ အဝယ်လိုက်ပြီး ဈေးကောင်းရနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေး ဒေသတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမှု များသည့် နဂါးမောက်သီးများကို မြန်မာ-အိန္ဒိယနယ်စပ်မှ တစ်ဆင့် မဏိပူရ ပြည်နယ်ဘက်မှလည်း ကောင်း၊ ချင်းပြည်နယ် ရိဒ်နယ်စပ်မှ တစ်ဆင့်မီ ဇိုရမ်ဘက်မှလည်း ကောင်း၊ ချင်းတွင်းအထက်ပိုင်းမြို့ များမှလည်းကောင်း ဝယ်ယူမှုများလာ သည့်အတွက်  ကလေးဒေသထွက် နဂါးမောက်သီးများ အရောင်းသွက် ဈေးကောင်းရလျက်ရှိကြောင်း သိရ သည်။

ကလေးဒေသတွင် နဂါးမောက်သီးကို ကလေးမြို့နယ် နတ်ချောင်း ရွာအနီးတွင် ဦးဝင်းကြိုင်မှ ပထမဆုံး စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ တစ် ပိုင်တစ်နိုင် စိုက်ပျိုးသည့် ခြံပေါင်း ၃ဝ ဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။

ကလေးဒေသတွင် မန္တလေး ဘက်မှ လာသည့် နဂါးမောက်သီးနှင့် ကလေးဒေသထွက် နဂါးမောက် သီးဟူ၍ နှစ်မျိုးရှိရာ ဒေသထွက် နဂါးမောက်သီးကို ဝယ်ယူစား သုံးသူများကြောင်း ကလေးမြို့ စိန် သစ်သီးရောင်းဝယ်ရေးမှ ဒေါ်သူဇာ က ပြောသည်။

''ကလေးဒေသမှာ နဂါးမောက် သီးစိုက်ပျိုးခဲ့တာ အနှစ်သုံးဆယ်ဝန်း ကျင်ရှိပြီ၊ ဟိုဘက်နှစ်တွေတုန်းက တော့ တမူးနယ်စပ်ကနေ တစ်ဖက် နိုင်ငံ ဈေးကွက်ကို အများဆုံး ပို့ တယ်။

အခုတော့ နယ်စပ်ဘက်က အဝယ်နည်းသွားတဲ့အတွက် ဒေသ တွင်း ဈေးကွက်နဲ့ ချင်းတွင်း အ ထက်ပိုင်းမြို့တွေကို တင်ပို့ရောင်းချ တယ်''ဟု နဂါးမောက်ခြံစိုက်ပျိုးသူ ကလေးမြို့ ဒေသခံဦးကျော်ကျော်က ပြောသည်။

ကလေးဒေသတွင် စိုက်ပျိုးသည့် နဂါးမောက်မျိုးမှာ အနီနှင့်အညိုသီး က အများစုဖြစ်ပြီး နဂါးမောက်သီး တွင် အဖြူအနီအညိုဟူ၍ သုံးမျိုးရှိ ကြောင်း သိရသည်။ သြဂုတ်လကုန် ရက်ပိုင်း ကလေးဒေသထွက် နဂါး မောက်သီးကို ချင်းပြည်နယ် ရိဒ်နယ် စပ်က အများဆုံးဝယ်ယူလျက်ရှိပြီး နဂါးမောက်သီးအလုံး ၁ဝဝ လျှင် ကလေးမြို့ နဂါးမောက်ခြံရှင်းဈေး ၈ဝဝဝ ကျပ်မှ ၁ဝဝဝဝ ကျပ်အထိ ပေးဝယ်ရပြီး၊ နယ်စပ်တွင် ၁၂ဝဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်အထိ အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။

 ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.