21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းကို ၂ဝ၂ဝ ခုနှစ်တွင် အပြီးဆောင်ရွက်သွားမည်

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေး လုပ်ငန်းစီမံကိန်းကို ၂ဝ၂ဝ ခုနှစ်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ပြီး ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း ခရီးကြာချိန်ကို တစ် နာရီအထိ လျော့ကျလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန မြန်မာ့မီးရထား၏ သတင်းများ အရ သိရသည်။ မြန်မာ့ မီးရထား အနေနှင့် ရထားတွဲ၊ ရထားစက် ခေါင်း၊ သံလမ်း၊ အချက်ပြ ရထား လမ်းကူး၊ ဘူတာရုံ စသည့်ဖြင့် မီးရထားနှင့် ဆက်နွယ်သည့် လုပ်ငန်း များအား အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိသည်။

ရန်ကုန်မြို့၏ မြို့ပတ်ရထား လမ်းပိုင်းတွင် လက်ရှိ ရထားတွဲဆိုင်း ၂၅ ဆိုင်းနှင့် ပြေးဆွဲပေးနေပြီး အဆို ပါ ပြေးဆွဲနေသည့် ရထားတွဲများ၊ စက်ခေါင်းများ၊ ဆက်သွယ်ရေးနှင့် အချက်ပြစနစ်များ ရထားလမ်းကူး များမှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သဖြင့် အဆင့်မြှင့်တင်ရန် လိုအပ် လာသဖြင့် ရန်ကုန်မြို့ပတ် ရထား လမ်းအဆင့်မြင့်တင်ရေး လုပ်ငန်း စီမံ ကိန်းကို လာမည့် အောက်တိုဘာလ တွင် စတင်ဆောင်ရွက်သွားရန် စီစဉ် နေခြင်းဖြစ်သည်။ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း ခရီးကြာချိန်ကို တစ် နာရီအထိ လျော့ကျလာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြင့်မှု စီမံကိန်းကို ရန်ကုန်မြို့ ပတ်အရှေ့ခြမ်းတညင်းကုန်းဘူတာ၊ မင်္ဂလာဒုံဘူတာ၊ ပုရွက်ဆိတ်ကုန်းဘူ တာ ရထားလမ်းပိုင်းနှင့် ပုရွက်ဆိတ် ကုန်းဘူတာမှရန်ကုန်ဘူတာကြီး အထိ နှစ်ပိုင်းခွဲကာ ဆောင်ရွက်သွား မည်ဖြစ်သည်။ ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်း စီမံကိန်းမှ ရထားသံလမ်းအပိုင်း အ ဆင့်မြှင့်တင်မှု လုပ်ငန်းများကို ၂ဝ၁၄-၂ဝ၁၅ ကတည်းက စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ဂျပန် ODA ချေးငွေနှင့်နိုင်ငံတော် ဘတ်ဂျက်များဖြင့် ဆောင်ရွက်သွား မည်ဖြစ်သည်။ အဆိုပါ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများတွင် မီးရထား အချက်ပြ စနစ်များ၊ မီးရထားဆက်သွယ်ရေး ကဏ္ဍနှင့် ရထားတွဲဆိုင်း ၁၁ ဆိုင်းနှင့် ၆၆ တွဲ ပါဝင်သည့် DEMU ရထားများ ဝယ်ယူမည့် အစီအစဉ်များ လည်း ပါဝင်သည်ဟု ဆိုသည်။ ထို့ အပြင် သံလမ်းဆက်လုပ်ငန်းများ၊ တာဘောင်လုပ်ငန်းများ၊ တံတားလုပ် ငန်းများ၊ ရထားလမ်းဘေးရေမြောင်း လုပ်ငန်းများနှင့် ခြံစည်းရိုးခတ်သည့် လုပ်ငန်းများလည်း ပါဝင်သည်ဟု ဆို သည်။ လက်ရှိတွင် မြို့ပတ်ရထား လမ်းပိုင်း၏ အရှည်မှာ ၂၉ မိုင်ခွဲရှိပြီး ခုတ်မောင်းချိန် ၂ နာရီ မိနစ် ၅ဝ ရှိ သည်။ အဆိုပါ အဆင့်မြှင့်တင်မှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွား ပါက ၁ နာရီ မိနစ် ၅ဝသာကြာမြင့် တော့မည်များဖြစ်ကြောင်း သိရ သည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.