16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မြန်မာနိုင်ငံထွက် ကော်ဖီများအား နိုင်ငံတကာ ဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်မည့် အလားအလာကောင်းများစွာ ရှိနေ

လာမည့်နှစ်များတွင် မြန်မာ့ ကော်ဖီများအား နိုင်ငံတကာ ဈေး ကွက်များသို့ တိုးမြှင့်တင်ပို့နိုင်မည့် အ လားအလာကောင်းများစွာရှိနေ ကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်း ၏ သတင်းအချက်အလက်များအရ သိရသည်။

လက်ရှိတွင် မြန်မာ့ကော်ဖီ များကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ ရောင်းချပေးနေရာမှ ဂျပန်၊ ကိုရီး ယား၊ အင်္ဂလန်၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ အိုက်စလန်နှင့် ထိုင်ဝမ် သို့ တင်ပို့ရောင်းချပေးနေပြီး ယခုနှစ် မေလဆန်းမှ စတင်၍ ဆွစ်ဇာလန် သို့ တင်ပို့ရောင်းချပေးနိုင်ရန်လည်း စီမံဆောင်ရွက်နေပြီဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ ၂ဝ၁၇ ခုနှစ် မေလ ၁၃ ရက်မှ ၁၉ ရက်အတွင်း တာချီလိပ်နယ်စပ် ကုန်သွယ်ရေးစခန်းများ ထိုင်းနိုင်ငံသို့ နှစ်တန်၊ မေလ ၂ဝ ရက်မှ ၂၆ ရက် အတွင်း မူဆယ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ တရုတ်နိုင်ငံသို့ သုံးတန်၊ ဇွန်လ ၂၄ ရက်မှ ၃ဝ ရက်အတွင်း မူဆယ်နယ် စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ၂၉ တန်ကျော်၊ ဇူလိုင် လ ၁၅ ရက်မှ ၂၁ ရက်အတွင်း မူဆယ်နယ် စပ် ကုန်သွယ်ရေးစခန်းမှ တရုတ် နိုင်ငံသို့ တန် ၉ဝ  တင်ပို့ ရောင်းချခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ကော်ဖီများကို ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေ ရိကန်နိုင်ငံသို့ ၁၈ တန်ဆံ့ ကွန်တိန် နာနှစ်လုံးသာ တင်ပို့နိုင်ခဲ့သော်လည်း ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ၁၈ တန်ဆံ့ ကွန်တိန်နာ ၁ဝ လုံးအထိ တိုးတက် တင်ပို့ပေးခဲ့ရသည်။

 မြန်မာ့ကော်ဖီများကို နိုင်ငံတကာသို့ တိုးတက်တင်ပို့နိုင်ရေးနှင့် မြန်မာ့ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတကာနှင့် ပူး ပေါင်းဆောင်ရွက်နေသကဲ့သို့ ပြည် တွင်းကော်ဖီပြပွဲများ ကျင်းပပြုလုပ် ခြင်း၊ နိုင်ငံတကာ ကော်ဖီပြပွဲများသို့ သွားရောက်ပြသခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ယခု သြဂုတ်လ ၁၇ ရက်ကလည်း တင်ပို့နိုင်ရေးအပါအဝင် မြန်မာ့ ကော်ဖီကဏ္ဍတိုးတက်ရေးအတွက် သက်ဆိုင်သူများ အကြံပြုဆွေးနွေးပွဲ တစ်ရပ်ကို နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက တာဝန်ရှိသူများ၊ မြန် မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိ သူများ၊ ကော်ဖီတင်ပို့ရောင်းချသူ များ၊ တင်သွင်းရောင်းချသူများ နိုင်ငံ တကာ ကော်ဖီပညာရှင်များ တက် ရောက်ဆွေးနွေးခဲ့ကြသည်။

 ထို့အပြင် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအ နေနှင့် ကော်ဖီစိုက်ပျိုးရေး နည်းပညာ များ၊ ကော်ဖီခူးဆွတ်ရာတွင် လုပ် ဆောင်ရမည့် အချက်အလက်များ ကော်ဖီစံချိန်စံညွှန်း ပြည့်မှီရေးအပါ အဝင် ဒေသနှင့် ကိုက်ညီသည့် ကော် ဖီမျိုးများရရှိရေးအတွက် သုတေ သနလုပ်ငန်းများ လုပ်ဆောင်လျက် သည်။

ဇူလိုင်လ ၆ ရက်ကလည်း ဆွစ် ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ Chantepoulet Square တွင် မြန်မာအဖွဲ့ရုံး၊ NAT Coffee နှင့် Border Coffee တို့ ပူးပေါင်း၍ မြန်မာ့ကော်ဖီမိတ် ဆက်ပွဲကို ကျင်းပခဲ့သည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.