21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရခိုင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက် တိုက်ခိုက်မှု များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်သူ တစ်သောင်း ကျော်အထိ ရှိလာနေ

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေ သည့် အကြမ်းဖက်တိုက်ခိုက်မှုများ ကြောင့် နေရပ်စွန့်ခွာသူ တစ်သောင်း ကျော်အထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ သိရသည်။

အဆိုပါ လူဦးရေမှာ အကြမ်း ဖက်တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၃ဝ ရက်အတွင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကောက်ခံရရှိထား သည့် စာရင်းဖြစ်သည်။

''လောလောဆယ်တော့ ကျွန် တော်တို့ သိရသလောက် နေရပ်စွန့်ခွာသူ တစ်သောင်း နှစ်ထောင်ကျော် လောက်ရှိနေပြီဖြစ်ပါတယ်''ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောသည်။

 နေရပ်စွန့်ခွာလာသူများတွင် ရခိုင်လူမျိုးများအပါအဝင် ဒိုင်းနက်၊ မြိုစသည့် ရခိုင်တိုင်းရင်းသား မျိုး နွယ်စုဝင်များ။ ဟိန္ဒူဘာသာဝင်များ လည်း ပါဝင်ပြီး မောင်တော၊ ဘူးသီး တောင်၊ စစ်တွေနှင့် ကျောက်တော်မြို့ နယ်များသို့ ထွက်ခွာလာနေခြင်းဖြစ် သည်။

''တိုက်ပွဲတွေက ဆက်တိုက်ဖြစ် နေတာပါ။ ဘင်္ဂါလီတွေက ကိုယ့်အိမ် ကိုယ် မီးရှို့ပြီးထွက်ပြေးကြတယ်။ ဒေသခံတွေကို သတ်ဖြတ်ကြတယ်။ ကျွန်မတို့လည်း ကလေးတွေနဲ့ဆို တော့ လုံးဝမနေရဲတော့ဘူး။ လုံခြုံ ရေးကလည်း မလုံလောက်ဘူးလေ။ ဒါကြောင့် အခုလို ထွက်လာရတာ ပါ''ဟု ဘူးသီးတောင်မြို့နယ်မှ တိမ်း ရှောင်လာသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

 နေရပ်စွန့်ခွာထွက်လာသူများ မှာ ဘုန်းကြီးကျောင်းများ၊ သာသနာ့ ဗိမာန်များ၊ ဓမ္မာရုံများနှင့် ဆွေမျိုး များ၏ နေအိမ်များတွင် ယာယီနေ ထိုင်လျက်ရှိကြပြီး သူတို့ထဲတွင် နို့စို့ အရွယ်ကလေးငယ်များနှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင်သည်။

ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများတွင် ဖြစ်ပွား နေသည့် အကြမ်းဖက်တိုက်ခိုက်မှုများသည် သြဂုတ်လ ၂၅ ရက်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၃ဝ ရက်အထိလည်း ဆက်လက်ဖြစ် ပွားနေသေးကြောင်းလည်း သိရသည်။


 ဂိုးချေ

ဂိုးချေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.