16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့တွင် ကြက်ဥကြက်သား ရောင်းဝယ်မှု ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိ

မြန်မာနိုင်ငံ ဒေသအချို့နှင့် မြန်မာ-အိန္ဒိယနယ်စပ် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တို့တွင် ကြက်ငှက် တုတ်ကွေးဖြစ်ပွားမှု သတင်းများ ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကြက်ဥ၊ ကြက်သား အရောင်းအဝယ်အေးနေခဲ့သော် လည်း သြဂုတ်လကုန်ရက်ပိုင်းမှ အစ ပြု၍ ကလေးဒေသထွက် ကြက်ဥ၊ ကြက်သားတို့ကို ချင်းတောင်၊ ချင်း တွင်းအထက်ပိုင်း ဒေသတို့မှ ပြန် လည်ဝယ်ယူမှုများပြားလာနေကြောင်း ကလေးမြို့ ကြက်မွေးမြူသူများ အသင်းမှ ဦးမြင့်မောင်က ပြောသည်။

ကလေးမြို့တွင် ဇူလိုင်လ ဆန်း ရက်ပိုင်းမှစပြု၍ ကြက်ငှက်တုပ် ကွေး သတင်းများကြောင့် မွေးမြူရေး ကြက်ခြံများတွင် ကြက်ဥများ၊ ကြက် အရှင်အရောင်းအဝယ်များ ရပ်တန့် သွားခဲ့ပြီး ခြံဖမ်းဈေး ကြက်အရှင်တစ် ကောင်လျှင် ၃၅ဝဝ ကျပ်မှာ ကြက် တစ်ကောင် ၂ဝဝဝ ဝန်းကျင်နှင့်ပင် ဝယ်ယူသူမရှိဖြစ်နေခဲ့သည်။ ကြက်ဥ တစ်လုံး ၁ဝဝ ကျပ်ဝန်းကျင် အ ရောင်းအဝယ်ဖြစ်နေခဲ့ရာမှ တစ်လုံး ၈ဝ ကျပ် ၉ဝ ကျပ်ပင် ဝယ်ယူစား သုံးသူမရှိဖြစ်နေခဲ့သည်။

''ကျွန်တော်တို့  ကလေးမြို့မှာ ကြက်ငှက်တုပ်ကွေး ရောဂါသတင်း တွေကြောင့် ကြက်ဥ၊ ကြက်သား အရောင်းအဝယ်ရပ်တန့်နေခဲ့ရာမှာ ကျွန်တော်တို့ ကလေးခရိုင် မွေးမြူ ရေးနှင့် ကုသရေး ဦးစီးဌာနက ဦး ဆောင်ပြီး ကြက်မွေးမြူရေးအသင်း နှင့်  ကြက်သားစားပွဲတော်ကို သြ ဂုတ် ၇ ရက်က ကျင်းပပြုလုပ်ခဲ့ပါ တယ်။ ကြက်သားစားပွဲတော်ကျင်းပ ပြုလုပ် ပြီးနောက်၊ ကြက်ဥကြက်သား အ ရောင်းအဝယ်တွေ တက်လာခဲ့ရာမှာ အခုပုံမှန်အနေအထားကို ပြန် ရောက်နေပြီဖြစ်ပါတယ်။

 မြန်မာ- အိန္ဒိယနယ်စပ်ဘက်က ဝယ်ယူမှုမရှိသေးသော်လည်း ချင်း တောင်၊ ချင်းတွင်း အထက်ပိုင်းဒေသ တွေကတော့ လာရောက်ဝယ်ယူမှု တွေရှိနေပါပြီ''ဟု ကလေးခရိုင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

သြဂုတ်လကုန်ရက်ပိုင်း ကလေး မြို့ပေါ် ကြက်ခြံများတွင် ကြက်အ ရှင်တစ်ကောင် ခြံဖမ်းဈေး ၃၅ဝဝ အထိ အရောင်းအဝယ် ဖြစ်လာပြီး ကြက်ဥဈေးနှုန်းမှာ ကြက်ဥ တစ်လုံး ဖောက်သည်ဈေး ၁ဝဝ ကျပ်၊ လက် လီဈေးနှုန်း ၁၁ဝ ကျပ်ဖြစ်ကြောင်း သိရသည်။

ကလေးဒေသတွင် ဥစားကြက်၊ အသားစားကြက်တို့ကို တစ်ပိုင်တစ် နိုင် မွေးမြူမှုများပြားပြီး၊ မွေးမြူရေး ခြံပေါင်း ၄ဝဝ ကျော်ရှိသည်။ တစ်ခြံ လျှင် ကြက်အကောင် ၅ဝဝ မှ ကြက် အကောင် ၅ဝဝဝ အထိ မွေးမြူမှုရှိ ကြောင်း သိရသည်။

ကလေးဒေသထွက် ကြက်သား နှင့် ကြက်ဥကို လွန်ခဲ့သည့် နှစ်များက မြန်မာ-အိန္ဒိယ နယ်စပ်တမူးနှင့် ရိဒ် နယ်စပ်မှ တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းပိုင်းသို့ အများဆုံး တင်ပို့ ရောင်းချခဲ့သော်လည်း ယခုအခါ တစ်ဖက်မှ ဝယ်ယူမှု မရှိတော့သည့် အတွက် ချင်းပြည်နယ်ရှိ မြို့များဖြစ် သည့် ဖလမ်း၊ ဟားခါး၊ တီးတိန်၊ တွန်းဇံ၊ ထန်တလန်မြို့များသို့လည်း ကောင်း ချင်းတွင်း အထက်ပိုင်းရှိ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း ခန္တီးမြို့များသို့လည်း ကောင်း တင်ပို့ ရောင်းချကြောင်း သိရသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.