16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေး-ရိဒ်နယ်စပ်သွား ကားလမ်းမကြီးတွင် လမ်းပျက်စီးမှုများပြားနေသည့်အတွက် နယ်စပ်ကုန်စည်ပို့ဆောင်ရေး အခက်ကြုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် ချင်းပြည်နယ် မြန်မာ-အိန္ဒိယ နယ်စပ် ကုန်သွယ်ရေးစခန်းရိဒ်၊ ကုန် စည်ပို့ဆောင်ရေးလမ်းမကြီးဖြစ်သည့် ကလေး-တီးတိန်-ရိဒ်ကားလမ်းသည် ချင်းပြည်နယ်တွင် အဆက်မပြတ် ရွာ သွန်းနေသည့် မိုးကြောင့် လမ်းပျက်စီး မှုများပြားနေရာ၊ ကုန်စည်ပို့ဆောင် ရေး၊ ခရီးသည်ပို့ဆောင်ရေးနှင့် ဒေသ ထွက် ကုန်စည်များ ဈေးကွက်သို့ တင်ပို့ရောင်းချရန် အခက်ကြုံလျက် ရှိကြောင်း တီးတိန်မြို့နယ် ဗန်းတဲ့ ရွာမှ ပန်းသီးခြံပိုင်ရှင်ဦးကျင်ပီးက ပြောသည်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အတွင်းရှိ ပန်းသီး၊ သစ်တော့သီး၊ မက် မန်းသီး၊ ထောပတ်သီး၊ အများအပြား ထွက်ရှိသည့် ဗန်းတဲ့၊ ဖူနွမ်း၊ ဒိန်းပီး၊ ဆိုင်းဇန်၊ ဆွောင်းပီး စသည့် ရွာများ နှင့် ဆက်သွယ်သွားလာရသည့် လမ်း များသည်လည်းကောင်း၊ နယ်စပ်ကုန် စည်ပို့ဆောင်ရေး လမ်းမကြီးဖြစ် သည့် ကလေး-တီးတိန်-ရိဒ်လမ်း သည်လည်းကောင်း  ဇူလိုင်လကုန် ရက်ပိုင်းမှ အစပြု၍ လမ်းပျက်စီးမှု ကြီးမားလျက်ရှိကြောင်း သိရသည်။

''နယ်စပ်ကုန်စည်ပို့ဆောင်ရေး လမ်းတစ်လျှောက်ကတော့  နေရာတိုင်း လမ်းပျက်စီးမှုများပါတယ်။ ချင်း တောင်ပေါ်မှာ မိုးကလည်း မပြတ်ရွာ နေတာဖြစ်တော့ တောင်ပြိုတယ်။ ဗွက်ပေါက်တယ်။ တချို့နေရာတွေ မှာဆိုရင် တစ်မိုင်နှစ်မိုင်ရှည်တဲ့ ဗွက် တန်းကြီးဖြစ်ပေါ်နေတယ်''ဟု ကလေး-ရိဒ် ပြေးဆွဲသည့် ပန်းချယ် ရီကားသင်းမှ ကားဒရိုင်ဘာတစ်ဦးက ပြောသည်။

ကလေး-တီးတိန်-ရိဒ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတွင် ယခု ရက်ပိုင်း လမ်းပျက်စီးမှုများပြားနေ သည့် နေရာများမှာ ကလေး-တီးတိန် မြို့အကြားတွင် ဆိုဇန်ရွာနှင့် တီးတိန်မြို့အဝင်အထိ မိုင်ရှည်ဗွက်ပေါက် လမ်းပျက်စီးမှုရှိပြီး တီးတိန်-ရိဒ် နယ်စပ်ကုန်သွယ်ရေး စခန်းအကြားတွင် ဟိုင်မွာလ်ရွာဟောင်းနှင့် ဟိုင်မွာလ်ရွာသစ်အကြား မိုင်ရှည်လမ်း ပျက်စီးမှုဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။

''ဒီဘက်မှာက မိုးရာသီဆိုရင် နေ့စဉ် ရက်ဆက်မိုးရွာသွန်းမှုတွေရှိနေတဲ့အတွက် လမ်းဗွက်ထတာတွေ၊ တောင်ပြိုကျလမ်းပိတ်မှုတွေဆိုတာ  မကြာခဏဖြစ်ပေါ်နေသလို ကျွန် တော်တို့ လမ်းဌာနကလည်း မိုးထဲ ရေထဲလမ်းပြုပြင်ရှင်းလင်းမှုတွေ ဆောင်ရွက်နေပါတယ်''ဟု တီးတိန် မြို့ အခြေစိုက်လမ်းဌာနမှ တာဝန်ရှိ တစ်ဦးက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.