21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မောင်တောမှ တခြားဒေသသို့ သွားရောက်သူများပြားနေသဖြင့် ကားခဈေးထိုးတက်

ဘူးသီးတောင်-မောင်တော ကားလမ်းတွင် ပြေးဆွဲနေသည့် လိုင်းကား များ ပြန်လည်ပြေးဆွဲနေပြီး မောင် တောမြို့မှ တခြားဒေသများသို့ ထွက် ခွာသူများနေခြင်းကြောင့် ယာဉ်စီးခ များ တစ်ဆကျော်ဈေးမြောက်သွား သည်။

 မောင်တောမြို့မှ စွန့်ခွာသူအ များစုတွင် အမျိုးသမီးများ၊ ကလေး ငယ်များ၊ ကျန်းမာရေး မကောင်းသူ များနှင့် သက်ကြီးရွယ်အိုများဖြစ်ပြီး လူတစ်ဦးလျှင် တစ်သောင်းကျပ် ပေး နေရကြောင်း မောင်တော မြို့လေး မိုင်ရပ်ကွက်မှ သက်အမျိုးသမီး ဒေါ်ကြာဦးက ပြောသည်။

''အန်တီတို့က တောတောင်မှာ ဟင်းရှာတယ်။ ဈေးမှာသွားရောင်း တယ်။ အဲဒီလိုမှ အသက်မွေးနေတာ အခုလိုဖြစ်နေတော့ အခက်အခဲမျိုးစုံ ကြုံတွေ့လာတယ်။ စားသောက်ရေးက အဆင်မပြေဖြစ်လာတယ်။ အဲဒါ ကြောင့် ရန်ကုန်မှာရှိတဲ့ သမီးအိမ်ကို  ပြောင်းရွှေ့တာဖြစ်ပါတယ်''ဟု ဒေါ်ကြာဦးက ဆိုသည်။

ဘူးသီးတောင်-မောင်တောကား လမ်းတွင် လိုင်းကားခသည် ယခင်က ခရီးသည်တစ်ဦး လေးထောင်ကျပ် သာ ကျသင့်သည်။

 မောင်တောခရိုင်နှင့် နယ်ခြား စောင့်ရဲစခန်း သုံးဆယ်ကျော်ကို ဘင်္ဂလီ အကြမ်းဖက်များ စီးနင်းတိုက် ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် မောင် တောမြို့နှင့် ဘူးသီးတောင်မြို့မှ ထောင်ချီသော ဒေသခံများသည် သြဂုတ် ၂၈ ရက်မှ စတင်ကာ စစ် တွေနှင့် တခြားမြို့နယ်များသို့ တိမ်း ရှောင်နေကြသည်။

တိမ်းရှောင်သူများပြားနေသည့် အတွက် ဘူးသီးတောင်နှင့် စစ်တွေ မြို့သို့ တစ်ရက်လျှင် အမြန်ရေယာဉ် သုံးစီးပြေးဆွဲပေးနေပြီး နေ့ချင်းပြန် ပြေးဆွဲပေးမှုများရှိလာသည်။

 ''မသွားဘူးလို့နေတာပါ။ ဒါပေ မယ့် ရန်ကုန်မှာရှိတဲ့ မိသားစုတွေက စိတ်မချလို့ ခဏခဏခေါ်တယ်။ ကိုယ်ကလည်း ကျန်းမာရေး မ ကောင်းတော့ သွားလိုက်ရတာဖြစ် တယ်''ဟု မောင်တောမြို့မ အနောက် ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးလှမြင့်က ပြောသည်။

 မောင်တောဒေသတွင် နေထိုင် လျက်ရှိသော မိသားစုဝင်များအတွက် လူမှုအဖွဲ့အစည်းများမှ ကူညီထောက် ပံ့ရေး ပစ္စည်းတချို့ သြဂုတ် ၂၉ ရက် မှ၍ ဝင်ရောက်လာကြောင်း သိရ သည်။

မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.