16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် မောင်တောနယ်စပ် ကုန်သွယ်မှုလုပ်ငန်းများ ရပ်ဆိုင်း

မောင်တောခရိုင်မှ ရဲကင်းနှင့် ရဲစခန်းများကို အစွန်းရောက် ဘင်္ဂါ လီ အကြမ်းဖက်သမားများက တိုက် ခိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် ကားလမ်း     ဆက်သွယ်မှုများ ပိတ်ထား၍ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းလည်း ရပ်ဆိုင်းထားရ ကြောင်း မောင်တော နယ်စပ်ကုန် သည်များအသင်း အတွင်းရေးမှူး ဦးသိန်းမောင်က ပြောသည်။

 ယင်းသို့ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရခြင်း သည် အကြမ်းဖက်တိုက်ခိုက်ခံရ သည့် သြဂုတ် ၂၅ ရက်မှစတင်၍ ဖြစ်ပြီး ကားလမ်းများ ပုံမှန်ပြန်ဖြစ် သည့်အချိန်မှသာ ပို့ကုန်များကို ပြန်လည် တင်ပို့နိုင်မည်ဖြစ်ကြောင်း ¤င်းက ဆိုသည်။

 ''ပြဿနာဖြစ်ရင် ကုန်သွယ်မှုကို ထိပါတယ်။ အခုလည်း ဘယ်နှရက် လောက် ဆိုင်းထားရမယ်ဆိုတာ မသိ တော့ပါဘူး''ဟု ကုန်သွယ်သူတစ်ဦး က ပြောသည်။

 မောင်တောနယ်စပ်ကုန်သွယ် ရေးလုပ်ငန်းသည် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ဖြစ်ပွားသည့်အခါ တိုင်း ယာယီရပ်ဆိုင်းရပြီး လက်ရှိ တွင် ကုန်သွယ်မှု လုပ်ငန်းများ လုပ် ကိုင်၍ အဆင်ပြေနေသည့် အချိန် ဖြစ်ကြောင်း မောင်တောနယ်စပ် ကုန် သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

 မောင်တောနယ်စပ် ကုန်သွယ် ရေး စခန်းသည် ယခုဘဏ္ဍာနှစ်အ တွက် ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ခြောက်သန်းရရှိရန် လျာ ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆက်ပြော သည်။


မောင်ကံ

မောင်ကံ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.