21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စွန့်ပစ်ကလေးငယ်များအား ဆေးရုံကြီးများမှ အသက်ခြောက်လသားအထိ ပြုစုစောင့်ရှောက်ပေးနေပြီး စိတ်ချရသော အခြေအနေရောက်ရှိပါက ကလေးပြုစုရေးဌာနများမှ လွှဲပြောင်းလက်ခံ၍ ဆက်လက်စောင့်ရှောက

စွန့်ပစ်ကလေးငယ်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရှိ ဆေးရုံကြီးများမှတစ်ဆင့် ကျန်းမာရေးကောင်းမွန်စေရန် အ သက် ခြောက်လသားအထိ ပြုစု စောင့်ရှောက်ပြီး စိတ်ချရသော အ ခြေအနေရောက်ရှိပါက အဆိုပါ ကလေးငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ကလေးပြုစု ရေးဌာနများမှ လွှဲပြောင်းလက်ခံ၍ ဆက်လက်စောင့်ရှောက်မှုပေးနေ ကြောင်း သြဂုတ်လ ၂၈ ရက်က နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တွင် ပြုလုပ်ခဲ့သော ''မွေးကင်း စကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာ ကွယ်တားဆီးရေး နည်းပြသင်တန်း ဖွင့်ပွဲ အခမ်းအနား'' သတင်းများအရ သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မွေးကင်းစကလေးငယ်များကို ဆေးရုံ များတွင် ကလေးမွေးပြီး စွန့်ပစ်ခဲ့ခြင်း၊ ရပ်ကွက်လမ်းကြား၊ လမ်းဘေးတို့၌ စွန့်ပစ်ရာမှ ဆေးရုံသို့ ရောက်ရှိလာ သည့်ဖြစ်စဉ်ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိသည်။             အဆိုပါ စွန့်ပစ်ကလေးငယ်များ အား ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနရှိ ဆေးရုံကြီးများမှ တစ်ဆင့် ကျန်းမာရေး ကောင်းမွန်စေရန် အ သက်ခြောက်လသားအထိ ပြုစုစောင့် ရှောက်ပေးကာ စိတ်ချရသော အခြေ အနေရောက်ရှိပါက အဆိုပါ ကလေး ငယ်များအား လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများမှ လွှဲပြောင်းလက်ခံ၍ဆက် လက်စောင့်ရှောက်ပေးနေကြောင်း အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျီုးသိမ်းကြီးမှ အဖွင့်အမှာ စကားပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

 ထို့အပြင် အဆိုပါ စွန့်ပစ် ကလေးငယ်များအား ပရဟိတဂေ ဟာများသို့ တိုက်ရိုက်ပို့အပ်မှုများ လည်း ရှိနေသည်။ ယခုအခါ မြန်မာ နိုင်ငံတွင် မွေးကင်းစ ကလေးငယ် စွန့်ပစ်မှုများရှိနေသဖြင့် အဆိုပါ စွန့် ပစ်ကလေးငယ်းများ၏ အသက် ဆုံးရှုံးမှုများ၊ ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အခွင့်အရေး ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိနေသည်။         ထို့ကြောင့် အဆိုပါ စွန့်ပစ် ကလေးငယ်များနှင့် ပတ်သက်သည့် ဖြစ်စဉ်ဖြစ်ရပ်များအား ကြိုတင် ကွယ် တားဆီးရေးလုပ်ငန်းများအား ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ''မွေးကင်းစ ကလေးငယ်များ စွန့်ပစ် ခြင်းမှ ကာကွယ်တားဆီးရေးနည်းပြ သင်တန်းအား ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ် သည်။

အဆိုပါ သင်တန်းကို တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ လူငယ် များ၊ ပညာရေးဝန်ကြီးဌာန၊ တက္ကသိုလ်များမှ နည်းပြများ၊ အမျိုး သမီးရေးရာနှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ အသင်း ဝင် လူငယ်များ စုစုပေါင်း ၅ဝ ဦး တက်ရောက်ခဲ့သည်။ အဆိုပါ သင် တန်းအား ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၈ ရက်မှ ၃ဝ ရက်အထိ ၃ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ခြင်းဖြစ်သည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.