21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းစတင်

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံ ကိန်းများကို အကောင်အထည်ဖော် လျက်ရှိရာ ရန်ကုန်မြို့၊ ဒဂုံ (ဆိပ် ကမ်း)မြို့နယ်၊ ၇၃ ရပ်ကွက် ရွှေလီ လမ်းနှင့် မြနန္ဒာလမ်းထောင့်တွင် တည်ဆောက်မည့် အိမ်ရာစီမံကိန်း ပန္နက်တော်တင် မင်္ဂလာအခမ်းအ နားကို သြဂုတ် ၂၇ ရက် နံနက်ပိုင်း က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်ရာ စီမံကိန်းကို ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသော yangon Metropolitan Development Public ကုမ္ပဏီက တာဝန်ယူတည်ဆောက် သွားမည်ဖြစ်သည်။

 အဆိုပါ စီမံကိန်းကို မြေဧက ၁၈၃ ဒသမ ၅၃ ဧကရှိ မြေပေါ်  တွင် တည်ဆောက်မည်ဖြစ်ပြီး စတု ရန်းပေ ၃ဝဝ၊ စတုရန်းပေ ၆ဝဝ၊ စတု ရန်းပေ ၉ဝဝ၊ စတုရန်းပေ ၁၂ဝဝ ရှိသည့် အိမ်ခန်းပေါင်း ၄ဝဝဝ ပါဝင် သည့် ၁၂ ခန်းတွဲ ခြောက်ထပ်၊ ရှစ် ခန်းတွဲ ခြောက်ထပ်၊ လေးခန်းတွဲ ခြောက်ထပ်ရှိ အဆောက်အအုံများ ဆောက်လုပ်မည်ဖြစ်ပြီးကျောင်းများ၊ ရုံးခန်းများ၊ ဈေးဆိုင်ခန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းကို သုံးနှစ်အ တွင်း ပြီးစီးရန် လျာထားချက်ထား၍ ဆောက်လုပ်မည်ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ လာမည့်သုံးနှစ် အတွင်း အငြိမ်းစားယူမည့် ဝန်ထမ်း တစ်သောင်းခန့်ရှိနေကြောင်း သိရ သည်။


ကိုရွှေ

ကိုရွှေ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.