21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဆန်ဈေးကွက်သစ် ကင်ညာနိုင်ငံသို့ သြဂုတ် ဒုတိယပတ်မှစ၍ ဆန်များတင်ပို့ခဲ့

ဆန်ဖောက်သည် ဈေးကွက်သစ် ဖြစ်သည့် ကင်ညာနိုင်ငံသို့ သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အတွင်း စတင် တင်ပို့နိုင်ခဲ့ကြောင်း၊ တင်ပို့မှု တန်ချိန် မှာ ဧည့်မထဆန် ၈၇၅ တန်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန သတင်း များအရ သိရသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သတင်းများအရ  သြဂုတ် ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်ပတ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၂ သန်း တန်ဖိုးရှိ ဆန်ဖြူ နှင့် ပေါင်းဆန် ၃၆၅၇၄ တန်ကျော် ကို အရှေ့တောင်အာရှ အာဖရိကနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ခဲ့ရာ မလေးရှားနိုင်ငံသို့ ဧည့်မထဆန်တန် ချိန် ၇၈ဝ၊ အာဖဂန် မစ္စတန်နိုင်ငံသို့ ဧည့်မထဆန် ၁၆၂၅ တန်၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန်တန်ချိန်  ၁ဝဝဝဝ၊ စင်ကာပူနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၅ဝဝ၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် ၈၇၈ တန်၊ ဖိလစ်ပိုင် နိုင်ငံသို့ ဧည့်မထ ဆန် ၂၂၅ တန်၊ တောင်အာဖရိကနိုင်ငံသို့ ဧည့်မထ ဆန် ၁၉၁၅ တန်၊ ဂါနာနိုင်ငံသို့ ဧည့် မထ ဆန်တန်ချိန် ၁၃ဝဝဝ၊ မက်ဒါ ဂါစကားနိုင်ငံသို့ ဧည့်မထဆန် ၃၁၂၅ တန်၊ တိုဂိုနိုင်ငံသို့ ဧည့်မထ ဆန်တန်ချိန် ၂ဝဝဝ၊ အီးယူနိုင်ငံများ သို့ ပေါင်းဆန် ၅၂၆ တန်နှင့် ဧည့် မထဆန် ၁၁၂၅ တန်၊ တင်ပို့ရောင်း ချပေးခဲ့ရကြောင်း သိရသည်။

ထို့အတူ အဆိုပါ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၄ သန်း တန်ဖိုးရှိ ဆန်ကွဲ ၈၉ဝ၆ တန် တင်ပို့ခဲ့ရာ ဗီယက်နမ် နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၂၅ဝ၊ စင် ကာပူနိုင်ငံသို့ တန်ချိန် ၂ဝဝ၊ တရုတ် နိုင်ငံသို့ ၄၆ တန်၊ ဂျီဘူတီနိုင်ငံသို့ တန်ချိန် ၄၅ဝ၊ ဂမ်ဘီယာနိုင်ငံသို့ ၁၂၅ တန်၊ မက်ဒါဂါစကားနိုင်ငံသို့ တန်ချိန် ၃ဝဝ၊ အီးယူနိုင်ငံများသို့ ၇၅၃၅ တန် တင်ပို့ရောင်းချပေးခဲ့ ကြောင်း သိရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.