16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဟားခါးမြို့ ရပ်ကွက်ကြီး လေးခု၌ မြေပြိုကျမှုကာကွယ်နိုင်ရေးအတွက် မြေထိန်းနံရံများ တည်ဆောက်မည်

မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် မကြာခဏ မြေပြိုကျမှုများ ဖြစ်ပေါ်နေသည့် ချင်းပြည်နယ်မြို့ တော် ဟားခါးမြို့ ရပ်ကွက်ကြီး လေး ရပ်ကွက်တွင် မြေထိန်းနံရံများ တည် ဆောက်ကာကွယ်မှုများ ဆောင်ရွက် မည်ဖြစ်ကြောင်း ချင်းပြည်နယ် စည် ပင် သာယာရေးကော်မတီမှ တာဝန် ရှိတစ်ဦးက စက်တင်ဘာ ၁ ရက်က ပြောသည်။

ဟားခါးမြို့သည် ပင်လယ်ရေ မျက်နှာပြင်အထက် ပေခြောက် ထောင်ကျော်မြင့်သည့် ရုန်းတောင် တန်းကြီး၏ တောင်လက်မောင်းပေါ် တွင် မြို့တည်ထားခြင်းဖြစ်ပြီး ဟား ခါးမြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ချောင်းများမှ ရေတိုက်စားမှုများရှိ နေရာ ယင်းချောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ၂ဝ၁၇ နှစ် ဆန်းပိုင်းမှ စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းက ပြောသည်။

''ချင်းပြည်နယ်မြို့တော် ဟားခါး သာယာလှပရေးနှင့် ခေတ်မီမြို့တစ် မြို့ဖြစ်ပေါ်လာရေးကို တတ်နိုင်သ လောက် ဆောင်ရွက်နေတာဖြစ်ပါ တယ်။ မကြာခဏ မြေပြိုကျမှုကို ကာကွယ်နိုင်ဖို့ မြေထိန်းနံရံတွေ ဆောက်လုပ်မှာ ဖြစ်ပါတယ်။ နောက် ပြီး ချောင်းရေ၊ မြောင်းရေ တိုက်စား မှုမရှိအောင် ကျောက်စီမြေထိန်းနံရံ တွေ တည်ဆောက်နေပါတယ်''ဟု ဟားခါးမြို့ မြို့နယ်စည်ပင်သာယာ ဌာနမှ တာဝန်ရှိ တစ်ဦးက ပြော သည်။

ချင်းပြည်နယ်မြို့တော် ဟားခါး ရပ်ကွက်ကြီး လေးရပ်ကွက်တွင် မြေ ပြိုကျမှု အန္တရာယ် ကာကွယ်နိုင်ရန် နိုင်ငံတော် သမ္မတကြီး၏ အထူးရန်ပုံ ငွေ ကျပ်သန်း ၁၅ဝဝ ဖြင့် ဆောင် ရွက်ခဲ့ရာ ယခုမိုးရာသီတွင် လုပ်ငန်း များပြီးစီးနေပြီဖြစ်ပြီး ဟားခါးမြို့ အတွင်း ဖြတ်သန်းစီးဆင်းသည့် ချောင်းများမှ  ရေတိုက်စားမှုဘေးမှ ကင်းဝေးရေးအတွက် ဟောက်ဆန်ဗာ ချောင်းတွင် ပေ ၃ဝဝဝ အနက် ၆ ပေ အကျယ် ၁ဝ ပေရှိ မြောင်းထိန်း ကျောက်စီနံရံကိုလည်းကောင်း၊ နွယ် ဆချောင်းတွင် ပေ  ၁၇ဝဝ အနက် ၆ ပေ၊ အကျယ်  ၁ဝ ပေရှိ ကျောက် စီ ချောင်းထိန်းနံရံကိုလည်းကောင်း တည်ဆောက်ထားကြောင်း သိရ သည်။

ဟားခါးမြို့ ရုန်းတောင်သည် သက်နုမြေ အမျိုးအစားဖြစ်သည့် အတွက် မြေပြိုကျမှုနှင့် ရေတိုက်စား မှုမှ ကာကွယ်နိုင်ရန်မှာ မြို့အတွင်း ဖြတ်သန်းစီးဆင်းသည့် ချောင်း မြောင်းများ ရေစီးရေလာကောင်းမွန် ရေးနှင့် မြေပြိုကျတတ်သည့်တောင် ကုန်းတောင်းစောင်းများကို မြေထိန်း နံရံတည်ဆောက်ကာကွယ်ရန် အထူး လိုအပ်ကြောင်း ဟားခါးမြို့၊ မြို့မိ မြို့ဖ တစ်ဦးဖြစ်သည့် ဦးဗန်ထရဲက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.