21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်မှု လုပ်ငန်းများအား ပြည်တွင်းပြည်ပမိတ်ဖက် ကုမ္ပဏီ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်နေ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်မှုလုပ်ငန်းများ အား ပြည်တွင်းပြည်ပ မိတ်ဖက် ကုမ္ပဏီအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက် နေကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန သတင်းများအရ သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အား ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလတွင် တရားဝင် ဖွင့်လှစ်ပေးခဲ့ပြီး ယခုအ ခါ နေ့စဉ် မော်တော်ယာဉ် သောင်းချီ၍ အသုံးပြုသွားလာနေပြီဖြစ်ရာ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင် ရေးနှင့် နိုင်ငံတကာ အဆင့်မီ အမြန် လမ်းမကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန်အတွက် ငွေကျပ်ဘီ လီယံငါးရာအထိ ကုန်ကျမှုရှိနိုင်မည် ဟုဆိုသည်။

အဆိုပါ အဆင့်မြှင့်တင်မှု လုပ်ငန်းများကို ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် မဖြစ နိုင်သေးသဖြင့် ပြည်တွင်းပြည်ပ မိတ် ဖက် ကုမ္ပဏီအဖွဲ့အစည်းများနှင့် စီးပွားရေးနှင့် ကုန်သွယ်မှု မိတ်ဖက် နိုင်ငံများဖြစ်သည့် ကိုရီးယား၊ ဂျပန်၊ တရုတ်နိုင်ငံတို့သို့ ပူးပေါင်းဆောင် ရွက်သွားရန် ကမ်းလှမ်းထားကြောင်း သိရသည်။

လက်ရှိတွင် ဆောက်လုပ်ရေး ဝန်ကြီး ဌာနအနေနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ခရီး သွားများ နားနေအပန်းဖြေနိုင်ရန် နိုင်ငံတကာ အဆင့်မီ 76 Mile MiniRest Camp ကို အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။          အဆိုပါ 76 Mile MiniRest Camp တွင် သန့်ရှင်းသပ်ရပ်ပြီျးွနျအျွသသာ အလုံအလောက်ရှိကာ ကျယ်ဝန်းပြီး လုံခြုံစိတ်ချရသည့် Car Parking  များလည်း ပါရှိမည်ဖြစ်သည်။ International အဆင့်အတန်းမီ Mini Rest Camp တစ်ခုဖြစ်ပြီး အဆိုပါ Mini Rest Camp တွင် ပြည်တွင်း အစားအစာနှင့် ပြည်ပ အစားအစာများကို ကျန်းမာရေး နှင့်အညီ သန့်ရှင်းသပ်ရပ်စွာ ရောင်း ချပေးသွားမည်ဖြစ်ပြီး ၂၄ နာရီ ဝန်ဆောင်မှုများဆောင်ရွက်ပေးသွား မည်ဟု ဆိုသည်။

မိုင်ပေါင်း ၃၆ဝ ကျော်ရှိသည့် ရန်ကုန်မန္တလေး အမြန်လမ်းမကြီးအား လက်ရှိတစ်ဖက်နှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိ ရသည်။

ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.