16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားဇုန် ခြောက်ဇုန် သတ်မှတ်အကောင်အထည်ဖော်ဆောင်ရွက်နေ

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသ ကြီး အစိုးရအဖွဲ့ ပုဂ္ဂလိကကဏ္ဍနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ခရီးသွားဇုန် ခြောက်ဇုန် သတ်မှတ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သြဂုတ်လ ၂ ရက် ထုတ်ပြန်သော သတင်းများအရ သိရသည်။

အဆိုပါ ခရီးသွားဇုန်များမှာ စစ်ကိုင်းဇုန်၊ မုံရွာဇုန်၊ ရွှေဘိုဇုန်၊ ကသာဇုန်၊ ကလေးဇုန်နှင့် ခန္တီးဇုန် များဖြစ်ပြီး စစ်ကိုင်းဇုန် ခရီးစဉ်များ တွင် စစ်ကိုင်းတောင်၊ မင်းကွန်းပုထိုး တော်ကြီး၊ ကနောင်မင်းကြီး၏ သံရည်ကြိုစက်ရုံ၊ ကုန်းဘောင်ခေတ် အစေခံခံတပ်၊ ရာဇမဏိစူဠာကောင်း မှုတော်စေတီတော်၊ အဏုဇီဝစိမ်းပြာ ရေညှိ ထုတ်လုပ်ရာ ရေခါးအင်း၊ ရွာ ထောင်ရှိ ငွေထည်လက်မှုပညာလုပ် ငန်း၊ ဧရာဝတီမြစ်အတွင်း အပျော်စီး သင်္ဘောခရီးစဉ်စသည့် ခရီးစဉ်များ ပါဝင်ပြီး မုံရွာဇုန် ခရီးစဉ်တွင် ကျောက္ကာ ရွှေဂူနီဘုရားနှင့် ယွန်း ထည်လုပ်ငန်း၊ မိုးညှင်းသမ္ဗုဒ္ဒေဘုရား နှင့် ဗောဓိတစ်ထောင်ရှိ ကမ္ဘာ့အမြင့် ဆုံး ရပ်တော်မူဘုရား၊ ဘုတလင်နယ် ရှိ ညောင်ကန်ကြေးခေတ်ပြကွက်များ၊ ညောင်ရမ်းခေတ်ကျောက်ထွင်း ဇာတ် နိပါတ်များနှင့် စိမ်းပြာရေညှိထုတ် တွင်းတောင်၊ ယင်းမာပင်နယ်ရှိ ဖိုလ် ဝင်တောင်၊ အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်၊ ကနီနယ်ရှိ မီးတောင် ဟောင်းနေရာများဖြစ်သော တွင်းမ တွင်းနှင့်တောင်ပျောက်တွင်း စသည့် ခရီးစဉ်များပါဝင်ကြောင်း သိရသည်။

 ရွှေဘိုဇုန် ခရီးစဉ်တွင် အ လောင်းမင်းတရားကြီး ဦးအောင် ဇေယျ၏ နန်းတော်၊ ပြာသာဒ်၊မြေမြို့ ရိုးနှင့်ကျုံးများ၊ ဘုရားစေတီများ၊ ရွှေဘို မြို့၊ ဧရာဝတီမြစ်ကမ်းနံဘေး၊ ကျောက်မြောင်းမြို့၊ နွယ်ငြိမ်းအရပ် ရှိ စဥ့်အိုး၊ စဥ့်ထည်လုပ်ငန်းများ၊ ဝက် လက်နယ်ရှိ ကမ္ဘာ့ရှေးဟောင်း အမွေ အနှစ် စာရင်းဝင် ဟံလင်းပျူမြို့ ဟောင်းနှင့် ရေပူ၊ ရေအေးစမ်းများ၊ ရှိမ်းမကားရှိ ရွှေသမင်တော (အဆင့် မြှင့်မွမ်းမံ ထိန်းသိမ်းမှုများ ပြုမည့် အစီအစဉ်) ကန့်ဘလူနယ်ရှိ အင် ကြင်းကျောက်ဖြစ်ရုပ်ြ<ွကင်းများ၊ ချပ် သင်းရွှေသမင်ဘေးမဲ့တောနှင့် ဘူမိ ထူးခြားနယ်မြေဖြစ်သည့် ဇင်းတောင် လင်းနို့ဂူ စသည့် ခရီးစဉ်များပါဝင်ပြီး ကသာဇုန် ခရီးစဉ်တွင် ဂျော့အိုဝဲလ် နှင့် အင်္ဂလိပ်အရေးပိုင်တို့၏ ကိုလိုနီ ခေတ်အိမ် ၁၂ လုံး၊ နတ်ပေါက် ဆင် စခန်း၊ ဖက်ဆွတ် သစ်တောစခန်း၊ အင်းတော်နယ်မှာ ဂျပန်မြေအောက် ဆေးရုံ၊ ဗိုလ်ချုပ်ဝင်းဂိတ်ရဲ့ ချင်းဒစ် တပ်ရှိရာ မော်လူး White City ခံတပ်၊ အင်းတော်၊ အင်းလေးအိုင်နှင့် ကျောက်စိမ်းတွင်းများ၊ မန်လည် ဆရာတော်ဘုရားကြီး၏ ကျောင်း တော်ရာနှင့် ဆရာတော် ဘုရားကြီး၏ ရုပ်ကလပ်တော်၊ ဗန်းမောက်နယ်ရှိ ဇလုံတောင်တော်နှင့် ဗန်းမောက်နှင့် ကောလင်းမြို့တို့ရှိ ကျွန်းသစ်ပင်များ စသည့် ခရီးစဉ်များ ပါဝင်သည်။

ကလေးဇုန်ခရီးစဉ်တွင် ချင်း ပြည်နယ် ခရီးသွားလုပ်ငန်းများနှင့် ဆက်စပ်နေသည့် ရာဇဂြိုလ်ဆည်နှင့် အိန္ဒိယနယ်စပ် တမူးမြို့သို့ သွား  ရောက်လည်ပတ်နိုင်မည့်  ခရီးစဉ်၊ ပြောင်ဘုတ်လမ်းမှတစ်ဆင့်ကဘော် ချိုင့်ဝှမ်းလွင်ပြင်ကြီးကို ကြည့်ရှုနိုင် ပြီး လက်ဆေးကန်နှင့် ပျားစွဲဆင် စခန်း၊ မော်လိုက်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဂေါက်ကွင်းနှင့် ကိုလိုနီ အဆောက်အအုံများ၊ ကလေးဝနယ် ရှိ ကျောက်မီးသွေးတွင်းများ၊ မဟာ မြိုင်တောကိုဖြတ်၍ ရွှေဘိုမြို့ (သို့) မုံရွာမြို့သို့  သွားရောက်နိုင်မည်ဖြစ် ကြောင်း သိရသည်။

ခန္တီးဇုန် ခရီးစဉ်တွင်လည်း နန်စီ ဗွန်ကျေးရွာအနီး ကျောက်စိမ်းထွက် ရှိရာ ခန္တီးရတနာ မြေတည်ကို သွား ရောက် လေ့လာနိုင်သည့် နာဂ ဒေသဖြစ်သည့် လဟယ်မြို့နှင့် နန်ယွန်းမြို့များသို့ သွားလာနိုင်ပြီး နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် Lake of Return ရေကန်နှင့် ဒေါ်ခင်ကြည်ရိပ်သာတို့သို့ လည်ပတ် နိုင်သည်။

ထို့ပြင် ထမံသီဘေးမဲ့တောနှင့် ရှားပါးတိရစ္ဆာန်များကို လေ့လာနိုင်ပြီး ၄င်းမှ နာဂဒေသလေရှီးမြို့သို့ သွား ရောက် လည်ပတ်နိုင်မည်ဖြစ်သည်။        

             
ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.