16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကလေးမြို့တွင် ဒုတိယ အစည်ကားဆုံးလမ်းမကြီးဖြစ်သည့် ပင်လုံလမ်းမတော်လမ်းကို ကျပ်သိန်း ၄၂ဝ အကုန်အကျခံအဆင့်မြှင့်တင် ပြုပြင်မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့တွင် ဗိုလ်ချုပ်လမ်းမကြီးပြီးလျှင် ဒုတိယ အသွားအလာအများဆုံးနှင့် အစည်ကားဆုံးလမ်းမကြီးဖြစ်သည့် ပင်လုံလမ်းမတော်လမ်းကို စည်ပင် သာယာဘတ်ဂျက်ငွေကျပ်သိန်း ၄၂ဝ အကုန်အကျခံ အဆင့်မြှင့်တင် ပြု ပြင်သွားတော့မည်ဖြစ်ကြောင်း ကလေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသောင်းရွှေက သြဂုတ်လ ၂၄ ရက်က ပြောသည်။

ကလေးမြို့ ပင်လုံလမ်းမတော် သည် ပြင်သာ-ကလေး-တာဟန်း ဆက်သွယ်သွားလာနိုင်သည့် ဒုတိယ အစည်အကားဆုံးလမ်းမကြီးဖြစ်ပြီး တစ်မိုင်ဝန်းကျင် အရှည်ရှိ လမ်းမ ကြီးဖြစ်သည်။ ၁၉၇၃ ခုနှစ်ဝန်းကျင် ကာလက သက်ဆိုင်ရာမြို့ အုပ်ချုပ် ရေးအဖွဲ့များမှ ကလေးမြို့ကွက်သစ် အဖြစ် ဖော်ဆောင်ခဲ့သော ရပ်ကွက် ဖြစ်ပြီး မြို့ပတ်လမ်းပေ ၁ဝဝ လမ်းမ ကြီးအဖြစ် ဖော်ဆောင်ခဲ့သည့်လမ်း ဖြစ်သည်။ ယခုအခါ အိမ်ရှေ့မြေများ တိုးချဲ့ရယူထားခြင်းများကြောင့် လမ်း နယ်နိမိတ်ကျဉ်းမြောင်းသွားသည့် နေရာများရှိနေပြီဖြစ်ကြောင်း ကလေး မြို့ဒေသခံ ဦးစံဖေက ပြောသည်။

''ကျွန်တော်တို့ ပင်လုံလမ်းမ တော်ကို အခုမိုးပြတ်သွားချိန်ပွင့်လင်း ရာသီမှာ လမ်းပြုပြင်မှုစတင်မှာဖြစ်ပါ တယ်။ အခု လမ်းဘေးရေမြောင်းတွေ ကို ကျောက်စီရေမြောင်းအဖြစ် ဆောင်ရွက်ပါမယ်။ မြောင်းကသုံးပေ အကျယ်သုံးပေအနက်ဖြစ်ပါတယ်'' ဟု ကလေးမြို့နယ်စည်ပင်သာယာ အဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြော သည်။

 ရေမြောင်းတူးဖော်ခြင်း၊ လမ်းပြု ပြင်ခြင်းကို ၂ဝ၁၇-၂ဝ၁၈ ဘတ် ဂျက်ငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ပင်လုံလမ်းမတော်ကို LCEC လမ်း၊ ရွှေကျောင်းတော်လမ်း၊ နတ်ချောင်းလမ်း၊ ပြင်သာလမ်းတို့နှင့် ဆက်သွယ် သွားလာနိုင်သည့် မြို့ပတ်လမ်းအဖြစ် ဖော်ဆောင်အဆင့်မြင့်တင်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း စည်ပင် သာယာဥက္ကဋ္ဌ ဦးသောင်းရွှေက ပြော သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.