21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးရာသီကာလ ရိဒ်ရေကန်သို့ အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ နေ့ချင်းပြန်ဧည့်သည် အများဆုံးလာရောက်

မိုးရာသီလမ်းပန်းဆက်သွယ် ရေးခက်ခဲချိန်ချင်းပြည်နယ်၏ အ မှတ်တရနေရာတစ်ခုဖြစ်သည့် ရိဒ် ရေကန်သို့ မြန်မာပြည်တွင်းမှ ဧည့် များနှင့် နိုင်ငံရပ်ခြား ဧည့်များသွား လာမှု နည်းပါးနေချိန်၊ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်မှ နေ့ချင်းပြန် ဧည့်များလာရောက်အပန်းဖြေ အနား ယူသူများပြားနေကြောင်း ရိဒ်ရေကန် ဘန်ဂလို ဧည့်ဂေဟာ တာဝန်ခံ ဦးမောယာက သြဂုတ် ၂၄ ရက်က ပြောသည်။

''မိုးတွင်းကာလဆိုတော့ မြန်မာ ပြည်တွင်းဘက်ကနေလာတဲ့ ဧည့်ကအလာနည်းတယ်။ တစ်ယောက်စ နှစ်ယောက်စဆိုတာမျိုးလောက်လာ တယ်။ ရိဒ်မှာရှိတဲ့ ဧည့်ဂေဟာတွေ တည်းခိုခန်းတွေကတော့ ပိတ်ထားရ တယ်။ ပြည်မဘက်က ဧည့်များတဲ့ ရာသီကတော့ ခရစ္စမတ်၊ နှစ်သစ်ကူး ဇန်နဝါရီလ၊ သင်္ကြန်ကာလတွေမှာ ဧည့်အလာများတယ်''ဟု ယင်းက ပြောသည်။

ချင်းပြည်နယ် ရိဒ်ရေကန်သို့ ပြည်တွင်းပြည်ပဧည့် စတင်ဝင် ရောက်သည့်ကာလမှာ ပွင့်လင်းရာသီ ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် လာရောက်မှုများပြားပြီး ရိဒ်ရေကန်ရှိ တည်းခိုခန်းများ စား သောက်ဆိုင်များတွင် ပြည်တွင်း ပြည်ပ ဧည့်များဖြင့် စည်ကား ကြောင်း သိရသည်။ မိုးရာသီကာလ တွင် ကားလမ်းများပျက်စီးမှုများသည့် အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည် နယ်မှ ဧည့်များသာ လာရောက် ကြောင်း ရိဒ်ဒေသခံ ကိုလှချောက ပြောသည်။

ချင်းပြည်နယ်၏ အမှတ်တရ နေရာတစ်ခုဖြစ်သည့် မြန်မာ-အိန္ဒိယ နယ်စပ် ရိဒ်ရေကန်တွင် ပြည်တွင်း ပြည်ပဧည့်များ တည်းခိုနိုင်ရန် လုံး ချင်းဘန်ဂလိုများ၊ အဆင့်မြင့်တည်း ခိုဆောင်များရှိပြီး ဧည့်သည်တစ်ဦး လျှင် ၅ဝဝဝ ကျပ်တန် တည်းခိုရိပ် သာများနှင့် အဆင့်မီ ၁ဝဝဝဝ ကျပ် တန် တည်းခိုဆောင်များရှိကြောင်း သိရသည်။

ချင်းပြည်နယ် ဟိုတယ်နှင့် ခရီး သွားလာရေးမှ ထုတ်ပြန်သည့် သတင်းများအရ ၂ဝ၁၄ ခုနှစ်တွင် ချင်းပြည်နယ်သို့ ဝင်ရောက်ခဲ့သည့် ပြည်တွင်းပြည်ပ ဧည့်သည် ၁၄၉၁၁ ဦး၊ ၂ဝ၁၅ ခုနှစ်တွင် ၁၆၄၈၆  ဦး၊ ၂ဝ၁၆ ခုနှစ်တွင် ၁၈ဝဝဝ ကျော်နှင့် ၂ဝ၁၇ ခုနှစ်တွင်ပြီးခဲ့သည် သင်္ကြန် ကာလဧပြီလအထိ ဦးရေ ၆ဝဝဝ အထိဝင်ရောက်မှုရှိကြောင်း သိရ သည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.