16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရေကြီးပျက်စီးခဲ့သည့် ရိဒ်ရေကန်ဝန်းကျင် မိုးစပါးစိုက်လယ်မြေများတွင် ဆောင်းသီးနှံစိုက်ပျိုးမည်

မြန်မာ-အိန္ဒိယနယ်စပ် ချင်း ပြည်နယ် ရိဒ်ခေါဒါးရ်မြို့တွင် သြဂုတ်လ ၁ ရက်မှစ၍ မိုးရက်ဆက် ရွာသွန်းနေမှုကြောင့် ရိဒ်ရေကန်ပတ် လည်ရှိ လယ်ကွက်များ ရေနစ်မြုပ်မှု များဖြစ်ပေါ်လျက်ရှိရာ ယင်းပျက်စီး သွားသည့် လယ်ယာမြေများတွင် ဆောင်းသီးနှံများ အစားထိုးစိုက်ပျိုး သွားမည်ဖြစ်ကြောင်း ရိဒ်ခေါဒါးရ်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိတစ်ဦးက သြဂုတ်လ ၁၉ ရက်က ပြောသည်။

 မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်ခေါ ဒါးရ်မြို့တွင် မိုးရက်ဆက်ရွာသွန်းမှု ကြောင့် သြဂုတ်လ ၉ ရက်မှ စတင် ကာ ရိဒ်ရေကန်မှာ မကြုံစဖူး ရေကြီး ရေလျှံမှုဖြစ်ပေါ်လျက်ရှိပြီး ရိဒ်ရေ ကန်ပတ်လည်ရှိ လယ်ယာမြေများ ရေကြီးရေမြုပ်မှုများဖြစ်ပေါ်နေခြင်း ဖြစ်သည်။

 ''ရိဒ်ရေကန်ရေကြီးရေလျှံ  တယ်ဆိုတာ ဖြစ်ပေါ်ခဲပါတယ်။ အ နှစ်တစ်ရာအတွင်း တစ်ကြိမ်ဆိုတာ မျိုးပါ။ နွေနှင့် ဆောင်းမှာရှိတဲ့ ရေ မျက်နှာပြင်ထက် သုံးလေးငါးပေအထိ မြင့်တက်လာတာဖြစ်ပါတယ်။ မိုးစပါး စိုက်လယ်ကွက်တွေမှာ လေးငါး ဆယ် ရက်လောက် ရေမြုပ်နေတာဖြစ်လို့ စပါးပင်တွေ ပုပ်ကုန်တာမျိုးဖြစ်ပါ တယ်။ ဆောင်းသီးနှံစိုက်ပျိုးနိုင်ဖို့ကို ပဲ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။ မိုး ရေတွေက အခုရက်ပိုင်းအထိ မလျော့ သေးဘူး''ဟု ရိဒ်ရေကန်ဝန်းကျင်တွင် လယ်ယာလုပ်ကိုင်နေသည့် လယ်ပိုင် ဦးလားလ်လာက ပြောသည်။

ရိဒ်ရေကန်ဝန်းကျင်တွင် ရိဒ် ရေကန်အတွင်း စီးဝင်သည့် ချောင်း ငယ်မြောင်းငယ်များကို အမှီပြု၍ မိုး စပါးစိုက်ဧက ၁၅ဝ ဝန်းကျင်ရှိ ကြောင်း ရိဒ်ခေါဒါးရ်မြို့နယ် စိုက်ပျိုး ရေးဌာနမှ ထုတ်ပြန်သည့် သတင်း များအရ သိရသည်။ ယခု ရေနစ်မြုပ် သည့် မိုးစပါးစိုက်လယ်မြေမှာ ဧက ၃ဝ ဝန်းကျင်ရှိကြောင်း သိရသည်။

''မိုးစပါးစိုက် လယ်ယာမြေတွေ ရေမြုပ်ပျက်စီးခဲ့တဲ့အတွက် ဆောင်း သီးနှံစိုက်ပျိုးမှု ဆောင်ရွက်နိုင်အောင် အပံ့အပိုးတွေ ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။ မြေစာရင်း ဦးစီးကနေ တောင်သူ အရေအတွက်နဲ့  လယ်ဧက စာရင်း အမှန်တက်လာရင် ကျွန်တော်တို့ လိုအပ်တာတွေ စီစဉ်ဆောင်ရွက်သွား မှာဖြစ်ပါတယ်''ဟု ရိဒ်ခေါဒါးရ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ တာ ဝန်ရှိက ပြောသည်။

ရိဒ်ခေါဒါးရ်မြို့သည် မြန်မာ- အိန္ဒိယနယ်စပ်ရိဒ်ရေကန်အနီးတွင် တည်ရှိသော နယ်ခြားမြို့ကလေးဖြစ် သည်။ ရိဒ်ခေါဒါးရ်မြို့နယ်နှင့် ဖလမ်း မြို့နယ်၊ တီးတိန်မြို့နယ်နှင့် ယင်းမြို့ နယ်အတွင်းရှိ ကျေးရွာအများစုတွင် တောင်ယာစပါး၊ မိုးစပါးစိုက်ပျိုးမှုများ ပြားပြီး ယခုနှစ်ချင်းတောင်ပေါ်တွင် ဇွန်လဆန်းမှအစပြု၍ မိုးအဆက်မ ပြတ်ရွာသွန်းနေမှုကြောင့် တောင်ပြို ၍လည်းကောင်း၊ တောင်ကျချောင်း များကြောင့်လည်းကောင်း၊ ရေနစ်မြုပ် ၍လည်းကောင်း မိုးစပါးစိုက်လယ် ယာမြေများ ပျက်စီးမှုရှိနေကြောင်း ရိဒ်ခေါဒါးရ်မြို့ဒေသခံတောင်သူ ဦး ထောင်းလျှံက ပြောသည်။

ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.