21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဘန်ကောက်မြို့ အချက်အချာကျသည့် နေရာရှိ အဆင့်မြင့် အိမ်ရာ စီမံကိန်း နှစ်ခုမှ ကွန်ဒိုတိုက်ခန်းများအား ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရောင်းပြပွဲ ပြုလုပ်ရောင်းချပေးသွားမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အ ချက်အချာကျသည့် နေရာရှိ အဆင့် မြင့် အိမ်ရာ စီမံကိန်း နှစ်ခုမှ ကွန်ဒို တိုက်ခန်းများအား ရန်ကုန်နှင့် မန္တလေးမြို့များတွင် အရောင်းပြပွဲ ပြုလုပ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါ အရောင်းပြပွဲကို ဦးစီးကျင်းပ SQFT Global Properties ၏ သြဂုတ်လ ၁၇ ရက် သတင်းထုတ်ပြန် ချက်များအရ သိရသည်။

အဆိုပါ ရောင်းချပေးသွားမည့် အဆင့်မြင့်အိမ်ရာ တိုက်ခန်းများမှာ ဘန်ကောက်မြို့၏ အဓိကလမ်းမကြီး တစ်ခုဖြစ်သည့် Sukhu-mvitလမ်းမ ကြီးပေါ်တွင် တည်ရှိသည့် MUNIQ အဆင့်မြင့် အိမ်ရာ စီမံကိန်းနှင့် ဘန်ကောက်စီးပွားရေးဇုန် (Central Business District) တွင် တည်ရှိသည့် MARQUE အဆင့်မြင့် အိမ်ရာစီမံကိန်းတို့မှ ကွန်ဒိုတိုက်ခန်းများ ဖြစ်ပြီး အဆိုပါ ကွန်ဒိုတိုက်ခန်းများ အရောင်းပြပွဲကို ရန်ကုန်မြို့တွင် စက်တင်ဘာလ ၉ ရက်မှ ၁ဝ ရက်အထိ နေ့လယ် ၁၂ နာရီမှ ၆ နာရီအထိ နိုဗိုတယ် ဟိုတယ်ရှိ ယူရီကာEureka ခန်းမတွင်လည်းကောင်း၊ မန္တလေး မြို့တွင် စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်၊ နေ့လယ် ၁၂ နာရီ မှ ၆ နာရီအထိ မန္တလေးမြို့ ဆီဒိုးနား ဟိုတယ်တွင်လည်းကောင်း ပြသ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နှင့် မန္တလေးတို့တွင် ကျင်းပမည့် အဆိုပါ အိမ်ရာပြပွဲများ နှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲကို သြဂုတ်လ ၃၁ ရက် နေ့လယ် ၂ နာရီမှ ၄ နာရီအထိ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၊ Eureka ခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ စိတ်ဝင်စားသူများ တက် ရောက်လေ့လာနိုင်ကြောင်း သိရ သည်။

အဆိုပါ SQFT Global Properties သည် အိမ် ခြံ မြေ စီးပွားရေး လုပ်ငန်း အတွေ့အကြုံ ခုနစ်နှစ်ကျော် ရှိနေပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံ၊ မြို့ ကြီးပေါင်း ၅ဝ ကျော်တွင် အင်အားစု ဆယ်စုအဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.