21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထွက်နှုန်း ၅ဝ ရာခိုင်နှုန်းခန့် လျော့ကျသွားခဲ့သဖြင့် ဈေးနှုန်းများ တစ်ဆကျော်မြင့်တက်လာ

ယခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး၏ ဆားထွက်နှုန်း ၅ဝ ရာ ခိုင်နှုန်းခန့် လျော့ကျသွားခဲ့သဖြင့် ဆားဈေးနှုန်းများ တစ်ဆကျော် မြင့် တက်လာခဲ့ကြောင်း ဖျာပုံမြို့နယ်၊ နောက်မီးကျေးရွာမှ ဆားတောင်သူ များ၏ သတင်းများအရ သိရသည်။ အဓိက ဆားထွက်ရှိရာ ဈေးကွက်များ ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် နှင့် လပွတ္တာခရိုင်များတွင် ယခုနှစ် ဆားလုပ်ငန်းရာသီ ဧပြီ လက တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ် ကြောင့် မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆားကွင်းများ ရေမြုပ်သွားခဲ့ရာ ဆား များပျက်စီးခဲ့ရသည့်အပြင် မိုးကြောင့် ဆားလုပ်ငန်းများ တစ်လနီးပါး ရပ်နားထားခဲ့ရသည်ဟု ဆိုသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယခုနှစ်တွင် ဆားထွက်ရှိမှု တစ်ဝက်ခန့်အထိ လျော့ကျသွားခဲ့ပြီး ဈေးနှုန်းများမြင့် တက်လာခဲ့ရာ တိုင်းဒေသကြီးအတွင်း တွင် ယခင်နှစ်က ဆားကြမ်းတစ် ပိဿာ ငွေကျပ် ၈ဝ သာရှိခဲ့ရာမှ လက်ရှိတွင် တစ်ပိဿာ ၁၆၅ ကျပ် အထိ ထက်ဝက်ကျော်မြင့်တက်လာ ခဲ့ကြောင်း သိရသည်။

 မြန်မာနိုင်ငံ၏ ဆားအထွက် နှုန်းမှာ တစ်နှစ်လျှင် တန်ချိန် ပျမ်းမျှ ၃ သိန်းခွဲ ဝန်းကျင်မှာရှိပြီး ဧရာဝတီ တိုင်းသည် ဆားထုတ်လုပ်မှု အများ ဆုံးနေရာဖြစ်ကာ ရခိုင်ပြည်နယ်၊ မွန် ပြည်နယ်နှင့် ရန်ကုန်တိုင်းတွင်လည်း ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

၂ဝဝ၈ ခုနှစ် နာဂစ်ဆိုင်က လုန်းမုန်တိုင်းဒဏ်ထိပြီးကတည်းက မြန်မာ့ဆားလုပ်ငန်းထိုးကျ သွားခဲ့ ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း ကာလ နောက်ပိုင်းတွင်လည်း ဆားဈေးကွက် ကမောက်ကမဖြစ်သွားခဲ့ရာ ပြည် တွင်းတွင် မရှိမဖြစ် လိုအပ်နေသည့် ဆားများကို ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံများမှပင် ပြန်လည် တင်သွင်း ရသည့် ဖြစ်စဉ်များ၊ ဆားလုပ်ငန်းများ ပြန်လည် တိုးမြှင့်လုပ် ကိုင်ဆောင် ရွက်ခဲ့ရာ၌လည်း မြန်မာနိုင်ငံ၏ ဆား ထုတ်လုပ်မှုနှုန်းမှာ တန်ချိန် ၃ သိန်း ခွဲဝန်းကျင်ရှိနေပြီး ပြည်တွင်း စား သုံးနိုင်မှုနှုန်းက ၂ သိန်းခန့်သာရှိ နေသဖြင့် ဈေးကွက်တွင် ဆားများစုပုံ ကာ ဆားဈေးကွက် တွက်ခြေမကိုက် ဖြစ်ခဲ့ရသည့် ဖြစ်စဉ်များ ကြုံတွေ့ခဲ့ ရဖူးသည်။


ဒသမ

ဒသမ
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.