21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
အညာဆန် အမြန်ရေယာဉ်များ ရပ်နားထားသော်လည်း ပြည်တွင်းရေကြောင်းပိုင် သင်္ဘောကြီးများ ရက်မှန် ပြေးဆွဲပေးသည့်အတွက် ဒေသခံများ သွားလာရေး အဆင်ပြေ

မြစ်ကြောင်းတစ်လျှောက် ရေ ကြီးရေလျှံနေမှုကြောင့် ချင်းတွင်းမြစ် အတွင်းနေစဉ် ခရီးသည်တင၊ ကုန် တင်ပြေးဆွဲသည့် မုံရွာ-ကလေးဝ- ဟုမ္မလင်း- ခန္တီးအမြန်ရေယာဉ်များ ကို သြဂုတ်လ ၁၆ ရက်မှ စတင်ကာ သွားလာပြေးဆွဲမှုပိတ်ထားခဲ့သော် လည်း မုံရွာအခြေစိုက်ပြည်တွင်း ရေ ကြောင်းပိုင် သင်္ဘောကြီးဖြင့် မုံရွာ-ဟုမ္မလင်းခရီးစဉ်ကို ရက်မှန်ပြေးဆွဲ နေသည့်အတွက် ချင်းတွင်းအထက် ပိုင်းဒေသခံများ သွားလာမှု အဆင် ပြေလျက်ရှိသည့်အပြင် ကုန်စည် အချို့ သယ်ပို့နိုင်သည့်အတွက် ချင်း တွင်း အထက်ပိုင်းမြို့များဖြစ်သည့် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက် ကလေးဝဒေသများတွင် ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း ဟုမ္မလင်း မြို့နယ်ကောယားရွာမှ ဒေသခံ ဦးကျော်ဆွေက ပြောသည်။

''အမြန်ရေယာဉ်တွေက တစ်ပတ်ဆယ်ရက်ဝန်းကျင် ပိတ်ထားတာ ဖြစ်ပါတယ်။ စားသောက်ကုန်စည် တွေတော့ အနည်းအကျဉ်းဈေးကစား တာမျိုးတော့ ရှိပါတယ်။ မတန်တဆ ဈေးတက်သွားတာမျိုးတော့ မရှိပါ ဘူး။

 ပြည်တွင်းရေကြောင်းပိုင် သင်္ဘောကြီးတွေက အပတ်စဉ်ပြေး ဆွဲပေးပြီး မုံရွာကနေ ဟုမ္မလင်း အကြားမှာရှိတဲ့ မြို့တွေမှာ ရပ်နားပေး  တာဆိုတော့ သွားလာရေးအဆင်ပြေ ပါတယ်''ဟု ဟုမ္မလင်းမြို့ဒေသခံ ဦးနေဝင်းက ပြောသည်။

 ချင်းတွင်း အထက်ပိုင်းမြို့များ တွင် ချင်းတွင်းမြစ်ရေစိုးရိမ်ရေမှတ် ကျော်လွန်ချိန် မုံရွာ-ဟုမ္မလင်း- ခန္တီး အမြန်ရေယာဉ်လိုင်းများကို မုံရွာမြို့ ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ် တကျပြေးဆွဲရေး ကော်မတီမှ ချင်း တွင်းရေကြောင်း ခရီးသွားများ အန္တရာယ်ကင်းရှင်းရေးအတွက် သြဂုတ်လ ၁၆ ရက်မှစတင်၍ သြဂုတ်လ ၂ဝ ရက်အထိ ရေယာဉ် များ ပြေးဆွဲမှုကို ရပ်ဆိုင်းထားခဲ့ရာ ယင်းနေ့တွင် မုံရွာမြို့တွင် ချင်းတွင်း မြစ်ရေမှာ စိုးရိမ်ရေမှတ်ကျော်လွန် နေသည့်အတွက် သြဂုတ်လ ၂၁ ရက်မှ သြဂုတ် ၂၃ ရက်အထိ ထပ်မံ ရပ်ဆိုင်းထားရကြောင်း မုံရွာမြို့ ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ် တကျ ပြေးဆွဲရေးကော်မတီမှ တာဝန် ရှိက ပြောသည်။

''ချင်းတွင်း ရေကြောင်း ခရီး သွားတွေ အန္တရာယ်ကင်းရှင်းဖို့အ တွက် ချင်းတွင်းမြစ် ရေကြီးရေလျှံ ချိန်မှာ ရေယာဉ်ပြေးဆွဲမှုကို ရပ်ဆိုင်း ထားတာဖြစ်ပါတယ်။ အဖွဲ့ပေါင်းစုံ သေချာညှိနှိုင်းပြီးဆုံးဖြတ်တာဖြစ်ပါ တယ်။ အမြန်ရေယာဉ်တွေ အသွား အလာ ရပ်ဆိုင်းထားတယ်ဆိုပေမယ့် လုံခြုံစိတ်ချရတဲ့ သင်္ဘောကြီးတွေ ပြေးဆွဲမှုတော့ အပတ်စဉ်ရှိနေပါ တယ်''ဟု မုံရွာဆိပ်ကမ်းတာဝန်ရှိ တစ်ဦးက ပြောသည်။

 ပြည်တွင်းရေကြောင်း ပို့ဆောင် ရေး သင်္ဘောကြီးဖြင့် ချင်းတွင်း အ ထက်ပိုင်းဖြစ်သည့် မုံရွာ-ကနီ-မင်း ကင်း-ကလေးဝ-မော်လိုက်-ဖောင်း ပြင်- ဟုမ္မလင်းရေကြောင်း ခရီးစဉ်ကို မုံရွာမြို့မှ အပတ်စဉ် တနင်္လာနေ့ တိုင်း သင်္ဘောအထွက်ရှိကြောင်း သိရ ပြီး ခရီးသည်ခနှုန်းထားများမှာ (ရိုးရိုး) မုံရွာ-မင်းကင်း ၃ဝဝဝ ကျပ်၊ ကလေးဝ ၄ဝဝဝ ကျပ်၊ မော်လိုက် ၆ဝဝဝ ကျပ်၊ ဖောင်းပြင် ၇ဝဝဝ ကျပ်၊ ဟုမ္မလင်း ၇၅ဝဝဝ ကျပ်ဖြစ် သည်။ အထူးနှုန်းမှာ မုံရွာမှ-မင်း ကင်း ၆ဝဝဝ ကျပ်၊ ကလေးဝ ၇ဝဝဝ ကျပ်၊ မော်လိုက် ၁ဝဝဝဝ ကျပ်၊ ဖောင်းပြင် ၁၃ဝဝဝ ကျပ်၊ ဟုမ္မလင်း ၁၅ဝဝဝ ကျပ်ဖြစ်ပြီး ပထမတန်းနှုန်း ထားမှာ မုံရွာ-မင်းကင်း ၈ဝဝဝ ကျပ်၊ ကလေးဝ ၁၂ဝဝဝ ကျပ်၊ မော်လိုက် ၁၅ဝဝဝ ကျပ်၊ ဖောင်းပြင် ၁၈ဝဝဝ ကျပ်၊ ဟုမ္မလင်း ၂ဝဝဝဝ ကျပ်ဖြစ် ကြောင်း သိရသည်။

 ချင်းတွင်းမြစ်ဖျား ခရီးစဉ်များ ဖြစ်သည့် မုံရွာ-ဟုမ္မလင်း-ခန္တီး အမြန် ရေယာဉ် ခရီးစဉ်များကို သြဂုတ် ၂၄ ရက်တွင် စတင်ကာ ခရီးသည်တင် အမြန်ရေယာဉ် ၁၂၉ စင်း၊ ကုန်တင် အမြန်ရေယာဉ် ၅၄၄ စင်းတို့ဖြင့် ပြန် လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း မုံရွာ-ခန္တီးအမြန်ရေယာဉ် ဂိတ်မှူး (ကောယားရွာ တာဝန်ခံ) ဦးကျော် ဆွေက ပြောသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.