16-11-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1037
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ကလေး-တီးတိန်လမ်း ဆိုးရွားစွာ ပျက်စီးနေသည့်အတွက် သွားလာသည့်ကားများ အန္တရာယ်ရှိနေ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် ချင်းပြည်နယ် နယ်စပ် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းဖြစ်သည့် ကလေး-တီးတိန်-ရိဒ်ကားလမ်းတွင် သြဂုတ်လဆန်းရက်ပိုင်းမှ အစပြု၍ မိုးရက် ဆက်ရွာသွားနေမှုကြောင့် ကလေး-တီးတိန်လမ်းမှာ ဆိုးရွားစွာ ပျက်စီးလျက်ရှိကြောင်းနှင့် သွားလာသည့် လိုင်းကားများ မကြာခဏ ထိခိုက်မှုများကြုံနေ ရကြောင်း ကလေး-တီးတိန်ပြေးဆွဲသည့် ချင်း တောင်တန်း ကားဒရိုင်ဘာ ဦးပေါင်ထန်က ပြောသည်။

ကလေး-တီးတိန်-ရိဒ်လမ်းသည် တွန်းဇံ၊ ကျီခါးမြို့များတွင် တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများ၏ အရေးပေါ် ပြည်နယ် မြို့တော် ဟားခါးသို့လည်းကောင်း၊ ခရိုင်မြို့ တော် ဖလမ်းသို့လည်းကောင်း၊ ချင်းပြည်နယ် မြို့များအတွက် စားသောက်ကုန်စည်တင်ပို့ရာ လမ်းကြောင်းဖြစ်ရာ၊ ယခုရက်ပိုင်းကလေး-တီး တိန်မြို့အကြားတွင် ဆိုဇန်-တီးတိန်အကြား ကားလမ်းမှာ ဆိုးရွားစွာ ပျက်စီးနေသည့်အ တွက် နယ်စပ်သွားကားများ၊ တွန်းဇံ၊ ကျီခါးမြို့ များသို့ သွားလာသည့် ကားများ၊ ရိဒ်နယ်စပ် သွားကားများ အခက်ကြုံလျက်ရှိကြောင်း သိရ သည်။

ကလေး-တီးတိန်-ရိဒ်-တွန်းဇံ- ကျီခါးသို့ နေစဉ်ပြေးဆွဲသည့် ကားသင်းပေါင်း ၁ဝ သင်း ဝန်းကျင်၊ ကလေး-တီးတိန်လမ်းမပေါ်တွင် သွားလာသည့် ကုန်ကားဘတ်စ်ကား နေ့စဉ်အ စီး ၄ဝ ဝန်းကျင်ရှိပြီး အများစုမှာ မြန်မာ-အိန္ဒိယနယ်စပ်ရိဒ်သို့ သွားသည့်ကားက အများစုဖြစ်ကြောင်း သိရသည်။


ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.