21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ချင်းတွင်းအထက်ပိုင်း မြို့ရွာများတွင် မြစ်ရေကြီးမြင့်မှုကြောင့် မိုးစပါးစိုက်ဧက သောင်းချီရေနစ်မြုပ်

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းမှ ထုတ်ပြန် သည့် သတင်းများအရ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့ပေါင်း ၃၃ မြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ယင်းရေကြီးရေလျှံမှုကြောင့် စပါး စိုက်ဧက ငါးသောင်းဝန်းကျင် ရေနစ် မြုပ်မှုဖြစ်ပွားခဲ့ပြီး ချင်းတွင်း အထက် ပိုင်းမြို့များဖြစ်သည့် ခန္တီးမြို့နယ်တွင် ရေနစ်မြုပ်သည့် လယ်ဧက ၈၉၁ ဧက၊ ဟုမ္မလင်းမြို့နယ်တွင် ၁၄၂၆ ဧက၊ မော်လိုက်မြို့နယ်တွင် စပါးစိုက် ခင်းဧက ၆ဝဝ ကျော်နှင့် ချင်းတွင်း အထက်ပိုင်းဒေသတစ်ခုလုံးတွင် ရေ မြုပ်စပါးစိုက်ဧက ၁၉၃၆၂ ဧကရှိ ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဌာနမှ တာဝန်ရှိတစ်ဦးက သြဂုတ်လ ၂၄ ရက်တွင် ပြောသည်။

ဒေသအလိုက် မြို့နယ် အလိုက်၊ မျိုးစပါးထောက်ပံ့တာမျိုးရှိ သလို ငွေသားထောက်ပံ့တာတွေ လည်းရှိတယ်။ အခုတော့ ရေကြီးရေ လျှံမှုမှာ သီးနှံစိုက်ခင်းပျက်စီးသွားတဲ့ စာရင်းအတိအကျမဖြစ်သေးပါဘူး'' ဟု ယင်းက ပြောသည်။

ယခင်နှစ်များက ချင်းတွင်း အထက်ပိုင်း ရေကြီးရေလျှံမှုတွင် ရေကြီးနစ်မြုပ်ပျက်စီးသည့် လယ် ယာမြေ ၂၄၇၁ဝ ဧကရှိခဲ့ကြောင်း စိုက်ပျိုးရေးဌာနမှ ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ ချင်း တွင်းမြစ်ရေသည် သြဂုတ်လဆန်းမှ စတင်၍ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်းမြို့များ တွင် ဒုတိယအကြိမ် ရေကြီးရေလျှံမှု ဖြစ်ပွားလျက်ရှိသည်။

ကလေးမြို့ အခြေစိုက်မိုးဇလ ဌာန၏ ထုတ်ပြန်ကြေငြာချက်အရ ချင်းတွင်းမြစ်ရေသည် သြဂုတ်လ ၂၄ ရက်နေ့ နံနက်မှစ၍ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော် လိုက်မြို့တို့မှာ ယင်းမြို့များ၏ စိုးရိမ် ရေမှတ်အောက်သို့ ကျဆင်းသွားပြီ ဖြစ်ကြောင်းနှင့် ကလေးဝမြို့နှင့် မင်း ကင်းမြို့တို့မှာလည်း မြစ်ရေကျဆင်း နေပြီဖြစ်ကြောင်း သိရသည်။

သြဂုတ်လကုန်ပိုင်းအထိ  ချင်းတွင်းမြစ် ရေကြီးရေလျှံနေမှုကြောင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် စပါးစိုက်တောင်သူများအနေဖြင့် စပါးပြန်လည်စိုက်ပျိုးရန် အချိန် နောက်ကျမှု၊ ပျိုးပင်ဝယ်ယူရန် ခက်ခဲမှု၊ စပါးစိုက်ပျိုးမည်ဆိုပါကလည်း နောက်မိုးနောက်ရေအပြည်အဝရရှိရန် မသေချာမှုများကြောင့် ချင်းတွင်း မြစ်ရိုးတစ်လျှောက်စပါးစိုက်တောင်သူများ အခက်ကြုံနေကြရကြောင်း မင်း ကင်းမြို့နယ် အူရွာမှ တောင်သူဦးဖိုး အေးက ပြောသည်။


 ကြာကြာကွတ်

ကြာကြာကွတ်
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.