19-10-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ၄ လတာ ကာလအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် တစ်သန်းကျော် လာရောက်လည်ပတ်ရန် ခန့်မှန်းထား
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1033
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
တောင်ကျချောင်းရေ ကျဆင်းမှုကြောင့် ကလေးဝမြို့နယ် အင်ဒုတ်တံတား ရေတိုက်စားပျက်စီးမှု ဖြစ်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးဝမြို့နယ် ဆည်ကြီး ချောင်းအထက်ဖက်တွင် တည်ရှိပြီး ကျေးရွာပေါင်း ၁၄ ရွာ ဒေသခံတို့ နေ့စဉ်ဖြတ်သန်းသွားလာရပြီး ကျေး ရွာအုပ်စု ၅ ခုမှ ကျောင်းသူကျောင်း သားများ နေ့စဉ်ဖြတ်သန်းသွားလာ ကျောင်းတက်ရသည့် အင်ဒုတ် တံတားမှာ ဇူလိုင်လ ၂၈ ရက် ညပိုင်းကျဆင်းလာသည့် တောင်ကျ ချောင်းရေကြောင့် ပျက်စီးပြိုလဲခဲ့ ကြောင်း ကလေးဝမြို့နယ် မြို့မိမြို့ဖ ဦးမောင်မောင်သန်းက ပြောသည်။

''ကျွန်တော်တို့ ဒီဘက်ဒေသခံ တွေ အနေနဲ့ အင်ဒုတ်တံတားကို ဖြတ်ပြီး ဆည်ကြီး၊ မစိန်ရွာတွေမှာ သွားပြီး ဈေးဝယ်ရပါတယ်။ ကျွန် တော်တို့ ရွာတွေက ကလေးတွေ လည်း ချောင်းတစ်ဖက်ကမ်းက ဆည်ကြီးရွာအထကခွဲမှာ နေ့စဉ် ကျောင်းတက်ကြရပါတယ်။ အခုတံ တားပျက်စီးသွားတဲ့အတွက် ဒီဘက် ဒေသရဲ့ ကျန်းမာရေး၊ စားသောက် ရေး၊ ပညာရေးအားလုံး အခက်အခဲ ကြုံကြရပါတယ်''ဟု ဒေသခံ ဦးထွန်း မောင်က ပြောသည်။

အင်ဒုတ်တံတားမှာ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင်တည်ဆောက် ခဲ့သည့် သံမဏိကြိုး တံတားအမျိုးအ စားဖြစ်၍ အလျား ၃၉ဝ ပေရှိပြီး၊ ရွှေကံဦး ကုမ္ပဏီမှ နိုင်ငံတော်၏ ခွင့် ပြုငွေ ကျပ်သိန်း ၁ဝ၅၉ ဖြင့် တည် ဆောက်သော တံတားဖြစ်သည်။ အင် ဒုတ်တံတားသည် မဟာမြိုင်တောကြီး တွင် ချောင်းများခံစီးဆင်းသည့် တောင်ကျချောင်းများဖြစ်သည့် မိုး ကောင်းချောင်းနှင့် ရှဲခမ်းနန်းပင်း ချောင်းပေါင်းဆုံရာတွင် တည် ဆောက်ထားသည့် တံတားဖြစ်သည်။         ယခုအခါ ကလေးဝမြို့နယ် စီမံခန့်ခွဲ မှုကော်မတီမှ ဦးဆောင်၍ ဒေသတွင် အရေးပေါ်သွားလာနိုင် ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အ စည်းများဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်း ကလေးဝမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိ တစ်ဦးက ပြောသည်။ ကလေးဝ မြို့ နယ်မစိန်၊ ဆယ်ကြီးရွာနှင့် ဆည် ကြီးချောင်း၊ နန်းပင်းချောင်း၊ မိုး ကောင်းချောင်းရိုးတစ်လျှောက်ရှိ ကျေးရွာများ နွေ၊ မိုး၊ ဆောင်း သွား လာရေး အဆင်ပြေစေရန် နိုင်ငံတော်မှ ဆည်ကြီးချောင်းကူး ကွန်ကရက် တံတားကိုလည်းကောင်း၊ အင်ဒုတ်သံ မဏိကြိုးတံတားကိုလည်းကောင်း တည်ဆောက်ပေးခဲ့ကြောင်း သိရ သည်။

''ကျွန်တော်တို့ အင်ဒုတ်တံတား နဲ့ အနီးစပ်ဆုံးရွာဆိုရင် ရှဲခမ်း၊ နန်း ပင်း၊ နားဗလူး ခုံပြင်၊ အင်ဒုတ်၊ စင်ပဲ၊ မိုးကောင်း၊ မောင်းခါးဆိုတဲ့ ရွာတွေရှိ ပါတယ်။ အဲဒီရွာအားလုံး ချောင်းကူး တံတားမရှိတဲ့အတွက် မိုးရာသီမှာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာ ရေး အခက်ကြုံကြရတဲ့ ရွာတွေဖြစ် ပါတယ်''ဟု အင်ဒုတ်ရွာသားတစ်ဦး က ပြောသည်။

ကြာကြာကွတ်

1023_kkk.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.