21-9-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မန္တလေးတိုင်းဒေသကြီးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၇ဝဝ ကျော်ရှိ
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1029
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
ကုန်ထုတ်လမ်းများ ပျက်စီးမှုကြီးမားနေသည့်အတွက် ချင်းတောင်ထွက်ကုန်စည်များ ဈေးကွက်တင်ပို့ရေး အခက်ကြုံ

ချင်းပြည်နယ် မြောက်ပိုင်း ဒေသ၊ ဖလမ်းမြို့နယ်၊ စိုက်ပျိုးရေး နယ်မြေများဖြစ်သည့်လာသီး၊ ဘားရ်လုမ်၊ လုမ်းဘန်၊ ဘွဲလ်ခွား၊ ဖိုင်ဇောလ် ရွာဒေသများမှ ထွက်ရှိသည့် စားဖို ချောင်သီးနှံများကို ဈေးကွက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ တင်ပို့ရောင်းချရာတွင် ကျေးရွာကုန် ထုတ်လမ်းများ၊ ဒေသထွက်ကုန်စည် ပို့ဆောင်ရာတွင် အဓိကကျသည့် ကလေး-ဖလမ်း-ဟားခါးကားလမ်းမှာ မကြာခဏ ပြိုကျပျက်စီးမှုများရှိသည့် အပြင် ကုန်စည်ပို့ဆောင်ရေးကား များ သွားလာမှုနည်းပါးသွားသည့်အ တွက် ဒေသထွက်သီးနှံကုန်စည်များ တင်ပို့ရောင်းချရေး အခက်ကြုံလျက်ရှိ ကြောင်း ဒေသခံ ဖလမ်းမြို့နယ် ဘွဲလ်ခွားရွာမှ ဦးပါထန်းက ပြော သည်။

''ကျွန်တော်တို့ ချင်းတောင်မှာ မိုးရက်ဆက်ရွာသွန်းနေတဲ့အတွက် ဒေသအလိုက် ကုန်ထုတ်လမ်းတွေလည်း ပြိုကျပျက်စီးမှုရှိပါတယ်။ ကျွန်တော်တို့ ဘွဲလ်ခွားရွာကနေ ကလေး-ဖလမ်းကားလမ်းအရောက် ဆယ်နှစ်မိုင်ဝန်းကျင်ပေးပါတယ်။ ကားလမ်းအရောက်ဆိုင်ကယ်၊ လူ အားနှင့် ပို့ရပါတယ်။ တောင်ပြိုနေရင် လူအားနှင့် ထမ်းပို့ရပါတယ်။ ကားလမ်းရောက်ရင် ကုန်စိမ်းတင်မယ့် ကားကိုစောင့်ပြီး တင်ရပါတယ်။ ကလေး-ဖလမ်းကားလမ်းမှာလည်း လေးငါးနေရာလောက် တောင်ပြို လမ်းပိတ်မှုတွေရှိတဲ့အတွက် ကျွန် တော်တို့ဒေသထွက် ကုန်စည်တွေ အဆင့်ဆင့် သွားနေရပါတယ်''ဟု ယင်းက ပြောသည်။

ချင်းတောင်ဟုခေါ်သည့် မြောက်ပိုင်းချင်းတောင်၊ ဖလမ်းမြို့ နယ်၊ တီးတိန်မြို့နယ်နှင့် ဟားခါးမြို့ နယ်တို့တွင် စားဖိုဆောင်သုံးသီးနှံစုံ စိုက်ပျိုးသည့် ဒေသမှာ ဖလမ်းမြို့ နယ်အတွင်း ကျေးရွာအများအစုဖြစ်ပြီး ချင်းတောင်ပန်းသီး၊ လိမ္မော်သီး၊ သစ်တော်သီး၊ မက်မန်းသီး၊ထောပတ် သီး စသည့် နှစ်ရှည်သီးနှံတို့ကို တီး တိန်မြို့နယ်တွင် အများဆုံး စိုက်ပျိုး ကြောင်း သိရသည်။

ကျွန်တော်တို့ ချင်းတောင်သွား ကားတွေအနေနှင့် ကုန်ကားကြီးတွေလည်း သွားလာခွင့်မပြုဘူး။ ခြောက်ဘီးကား၊ ဟိုင်မွာလ်ဂျစ်တွေဆိုရင် လည်း ကုန်အကန့်အသတ်နဲ့ တင် ရတာမျိုးဖြစ်ပါတယ်။ ဟိုအရင်တုန်း ကလည်း တင်လို့မရတာဖြစ်တော့ ချင်းတောင်ပေါ်ကုန်စည်ပို့ဆောင်ရေးနဲ့ ကျွန်တော်တို့ကားတွေ မကိုက် ဖြစ်နေပါတယ်။ အခုရက်ပိုင်းတောင် ပေါ်သွားကားအတော်များများနားနေ ကြရတယ်''ဟု ချင်းတောင်ပေါ်သွား ကားပိုင် ကိုညိုချောက ပြောသည်။

 မြောက်ပိုင်းချင်းတောင်မြို့များ နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဆက်သွယ်သွားလာသည့် ကား သင်းပေါင်းနှစ်ဆယ်ဝန်းကျင်ရှိရာ ယခုရက်ပိုင်းချင်းတောင်ပေါ်တွင် ကားလမ်းပျက်စီးမှုများပြားခြင်း၊ ကုန်စည်တင်ဆောင်ရာတွင် အကန့်အ သတ်များဖြစ်လာခြင်း၊ လမ်းခရီးတစ် လျှောက်တွင် စစ်ဆေးရေးဂိတ်များတိုးလာခြင်း၊ လမ်းခရီးစရိတ်ကုန်ကျ ငွေများပြားလာခြင်းတို့ကြောင့် တောင်ပေါ်သွားကား အချို့ရပ်နားထားရာ ချင်းတောင်ထွက်ကုန်စည် များတင်ပို့ရောင်းချရေးအခက်ကြုံနေ ရခြင်းဖြစ်ကြောင်း သိရသည်။

ကြာကြာကွတ်

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.