14-12-2017
HOME
ABOUT US
CONTACT US
  Untitled Document
Categories
Untitled Document
Untitled Document
ဒေသတွင်း သတင်းစုံ
မြန်မာ-အိန္ဒိယချစ်ကြည်ရေး လမ်းမကြီးဖြစ်သည့် ကလေးဝ-တမူးလမ်းပိုင်းရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၆ဝ အကုန်အကျခံတည်ဆောက်ပေးမည်
This Week’s COVER
ဂျာနယ် အမှတ်စဉ် .... 1041
အိမ်ခြံမြေ ကြော်ငြာများ
Market Data
အာရှငွေကြေး အခြေအနေ
 USD   EUR 
USD 1 1.209
EUR 0.826

1 

JPY 105.93  128.091
SGD 1.691 2.044
THB 39.56 47.836
Advertising
 
ဒေသတွင်း သတင်းစုံ
လွှတ်တော်ပိုင်းဆိုင်ရာ ကိစ္စများကို ဆောင်ရွက်နေရ၍ မဲဆန္ဒရှင်ပြည်သူများနှင့် ထိတွေ့မှုအားနည်းနေရခြင်းဟုဆို

ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းတာဝန်ပေးထားသည့် လွှတ် တော်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်နေသည့်အတွက် မဲဆန္ဒ ရှင်ပြည်သူများနှင့် ထိတွေ့မှုအားနည်း နေရခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်များက ပြောသည်။

 မြောက်ဦးမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် မြောက်ဦးမြို့နယ် ကျွဲတဲ ကျေးရွာမှ မဲဆန္ဒရှင် ပြည်သူများနှင့် ပြီးခဲ့သည့် အပတ်စနေနေ့က သွား ရောက်တွေ့ဆုံသည့်အခါ ယခုကဲ့သို့ ပြောသွားခြင်းဖြစ်သည်။

''ကျွန်တော်တို့လည်း လွှတ်တော်မှာ အစိုးရနဲ့ဖြစ်စေ၊ ခရိုင်မှာဆိုရင် ဌာနဆိုင်ရာနဲ့ဖြစ်စေ၊ ကိုယ့်မြို့ကိုယ့် ရွာအတွက်ကို ပညာရေးကိစ္စဖြစ်စေ၊ ကျန်းမာရေးကိစ္စဖြစ်စေ၊ လူမှုရေး ကိစ္စဖြစ်စေ၊ စီးပွားရေး ကိစ္စဖြစ်စေ၊ ဒီလေးနှစ်မှာ ကျွန်တော်တို့ပါတီ ဦးဆောင်မှုနဲ့ ဘယ်လိုကိုင်ရမယ်၊ ဘယ်လိုတင်ရမယ်နဲ့ အစိုးရကိုတော့ ကျွန်တော်တို့ ဘယ်လမ်းကြောင်းနဲ့ သွားရင် ဖောက်ထွက်နိုင်မယ်။ ပြည် သူလူထုတွေဒုက္ခကျရောက်နေတာ တွေကို ကျွန်တော်တို့ ဘယ်လို ကယ် ရမယ်ဆိုတာကို ကျွန်တော်တို့ လွှတ် တော်မှာ ကြိုးစားနေပါတယ်။ ပြည်သူ တွေကနေပြီးတော့ ကျွန်တော်တို့ ရွာကို မဆင်းရင်လည်း ငါတို့ရွာအတွက် ဒီဟာကို မတင်ပေးဘူး။ ဒီဟာကို မပြောဘူး။ ဒီဟာအတွက် ငါတို့ကို မလုပ်ပေးဘူးလို့ လုံးဝ မမှတ်ပါနဲ့။ ကျွန်တော်တို့ ခေါင်းထဲမှာ အမြဲတမ်း ရှိပြီးသားပါ''ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောသည်။

ရခိုင်ပြည်သူများက ရွေးချယ် တင်မြှောက်လိုက်သည့် လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် တွင်းတွင် ဒေသဖွံ့ဖြိုးရေးအတွက် တင်ပြတောင်းဆိုနေကြခြင်းများရှိသ ကဲ့သို့ တန်းတူအခွင့်အရေးရရှိရန် အတွက်လည်း တောင်းဆိုနေကြ ကြောင်းလည်း မဲဆန္ဒရှင်ပြည်သူများ အား ပြောကြားခဲ့သည်။

''ရွှေသဘာဝဓာတ်ငွေ့တွင်းက ဓာတ်ငွေ့ထွက်တယ်။ ကျွန်တော်တို့ ပြည်နယ်ကျရင် ၁၅ ရာခိုင်နှုန်း၊ လက်ပံတောင်းကြေးနီစီမံကိန်းတွေ၊ အဲလို ကိစ္စတွေမှာကျတော့ သူတို့က ၅၁ ရာခိုင်နှုန်း၊ ၄၉ ရာခိုင် နှုန်း၊ ရခိုင်မှာကျရင် ၁၅ ရာခိုင်နှုန်း တဲ့။ ဒါကြောင့် quality မဖြစ်ပါ လား။ တန်းတူမဖြစ်ပါလား။ ဘာလဲ။ ဒါ ကြောင့် တန်းတူအခွင့်အရေးရဖို့အ တွက်လည်း ကျွန်တော်တို့ တိုက်ပွဲ ဝင်နေပါတယ်'' ဟု မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်း သာစိန်က ပြောသည်။

တစ်ဘက်တွင်လည်း အစိုးရ သစ်တက်လာသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း ရခိုင် ပြည်နယ်ထဲက လွှတ်တော်ကိုယ်စား လှယ် အချို့သည် မဲဆန္ဒရှင်ပြည်သူများ၏ အသံကို လာရောက်နား ထောင်ခြင်းမရှိဘဲ ထိတွေ့ဆက်ဆံမှု အားနည်းနေသေးကြောင်းလည်း မဲ ဆန္ဒရှင်ပြည်သူများက ဝေဖန်နေကြ သည်။

ဂိုးချေ

1023_Local.jpg
Untitled Document
No comments yet...be the first to comment
  Name :  (required)
  Email :  (will not be published) (required)
  Comment :
 
Email: [email protected] Copyright 2004 Zaygwet Journal. All rights reserved.
Powered By eTrade Myanmar Co., Ltd.